China
လမ်းဘေးလေလွင့် ခွေးလေး၊ ကြောင်လေးများအတွက် ခိုနားရာ ဖန်တီးပေးသူ
ဟူကျိုး (ကျဲ့ကျန်း)၊ မေ ၁၅ ရက် (ဆင်ဟွာ)
ဟဲကျန့်ရင်းသည် ၁၉၆၄ ခုနှစ်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တယ်ချင်းခရိုင်သို့ လာရောက်၍ ပရဟိတအသွင် လေလွင့်တိရစ္ဆာန်များ ကယ်ဆယ်ရေးစခန်းတစ်ခု စီမံခန့်ခွဲမှုတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။
၇ နှစ်တာကာလအတွင်း ဟဲကျန့်ရင်းသည် လမ်းဘေးလေလွင့်တိရစ္ဆာန် အကောင်ရေ ၅၀၀ ကျော်အား ကူညီကယ်ဆယ်ခဲ့ပြီး ၎င်းတို့အတွက် ခိုနားရာနေရာတစ်ခု ဖန်တီးပေးခဲ့သည်။ ၎င်းသည် နေ့စဉ် အချိန် ၇ နာရီ၊ ၈ နာရီခန့် အလုပ်များနေပြီး ညအချိန်တွင်မူ ခွေးလေး၊ ကြောင်လေးများကို အချိန်မီ နှစ်သိမ့်ပေးရန်အတွက်ပင် ကယ်ဆယ်ရေးစခန်း၏ စတုရန်းမီတာ အနည်းငယ်သာရှိသော အခန်းငယ်လေးထဲတွင် နေထိုင်ရသည်။
ဟဲကျန့်ရင်းက ၎င်းသည် ငယ်စဉ်ကတည်းက ခွေးလေးကြောင်လေးများကို ချစ်တတ်သူဖြစ်ပြီး လမ်းဘေးတွင် လေလွင့်နေသော ခွေးလေးကြောင်လေးများ တွေ့မြင်လျှင် ကူညီကယ်ဆယ်ချင်စိတ်ရှိကာ ယင်းစိတ်ဓာတ်မှာ တဖြည်းဖြည်း ထိန်းမနိုင်အောင် များပြားလာခဲ့သည်။ “ဒီလမ်းကိုလျှောက်လှမ်းနေမှတော့ လမ်းတစ်ဝက်နဲ့ အရှုံးပေးလို့မဖြစ်ဘူးလေ” ဟု ၎င်းက ဆိုသည်။
လူအများကလည်း ရုတ်တရက်စိတ်ကူးပေါက်၍ အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်းမပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့ပြီး မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များအား လက်လွတ်စပယ် စွန့်ပစ်ခြင်းလျှော့ချ၍ အချိန်များများပေး အဖော်ပြုပေးခြင်းသည် ခွေးလေးကြောင်လေးများအပေါ်ထားရှိသည့် အရိုးစင်းဆုံး စေတနာပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တယ်ချင်းခရိုင် ကယ်ဆယ်ရေးစခန်း၌ မွေးကင်းစ သီတင်းပတ် နှစ်ပတ်ပင်မရှိသေးသည့် ကြောင်လေးအား စောင့်ရှောက်နေသော ဟဲကျန့်ရင်းကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
图片故事丨她为流浪“毛孩子”撑起一片天
新华社照片,湖州(浙江),2026年5月15日
何剑英1964年生于杭州,2019年退休后来到湖州市德清县,参与管理一家公益性的流浪动物救助基地。
七年来,何剑英先后救助了500多只流浪动物,为它们撑起了一片天。她每天要忙碌七八小时,夜晚就蜗居在救助基地几平方米的简易房里,只为能及时安抚“毛孩子”。
何剑英说,自己从小就喜欢猫狗,看见流浪的“毛孩子”就想救助,慢慢就收不住了。“既然走上这条路,就不能半途而废。”她呼吁人们不要因为一时兴起而饲养宠物,少些随意弃养,多些陪伴,就是对“毛孩子”最朴素的善意。
图说1:4月21日,何剑英在位于浙江省湖州市德清县的救助基地与“毛孩子”互动。 新华社发(伊凡 摄)
图说2:5月14日,何剑英在位于浙江省湖州市德清县的救助基地照顾一只出生不到两周的小猫。新华社发(伊凡 摄)
