China
ပေကျင်းဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ သမ္မတတို့က နှစ်နိုင်ငံဆက်ဆံရေး မျှော်မှန်းချက်အသစ်အတွက် သဘောတူညီ
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် တွေ့ဆုံဆွေးနွေးမှု၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မည့် မျှော်မှန်းချက်အသစ်အတွက် မေ ၁၄ ရက်က သဘောတူညီမှု ရရှိခဲ့ကြသည်။
အဆိုပါ မျှော်မှန်းချက်သစ်က လာမည့်သုံးနှစ်တာကာလနှင့် ယင်းကာလအလွန်၌ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်မည်ဟု တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ထရမ့်နှင့် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် ရှီက ပြောကြားခဲ့ကာ ထိုခရီးစဉ်သည် လွန်ခဲ့သည့် ကိုးနှစ်အတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်လည်းဖြစ်သည်။
“အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှု ” ဟူသော စကားရပ်၏ သဘောသဘာဝမှာ ပူးပေါင်းဆောင်ရွက်မှုကို မဏ္ဍိုင်ပြုသော အပြုသဘောဆောင်သည့် တည်ငြိမ်မှု၊ သင့်တင့်မျှတစွာ ယှဉ်ပြိုင်ခြင်းဖြင့် ခိုင်မာသောတည်ငြိမ်မှု၊ မတူကွဲပြားမှုများကို စီမံကိုင်တွယ်နိုင်သည့် တစ်သမတ်တည်းဖြစ်သော တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးအလားအလာများဖြင့် ရေရှည်တည်တံ့သော တည်ငြိမ်မှုဟူ၍ ရှီက အနက်အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ မတူကွဲပြားမှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ နှစ်နိုင်ငံဆက်ဆံရေးကို ယခင်ကထက် ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန် ရှီနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေးသည် မျက်မှောက်ခေတ် ကမ္ဘာကြီးတွင် အရေးအပါဆုံးသော နှစ်နိုင်ငံဆက်ဆံရေးဖြစ်သည်ကို ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူညီခဲ့ကြသည်။
“တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် မိမိတို့အနေနဲ့ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ခြင်း ရှိမရှိဆိုတာဟာ အဲဒီဆက်ဆံရေးကို တည်တည်ငြိမ်ငြိမ်နဲ့ မြှင့်တင်နိုင်ခြင်း ရှိမရှိဆိုတဲ့အရာအတွက် အခရာကျပါတယ်” ဟု မေ ၁၄ ရက်၌ ထရမ့်အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ် ရှီက ပြောကြားခဲ့သည်။
“မိမိတို့အနေနဲ့ အဲဒီအတိုင်း လက်တွေ့လုပ်ဆောင်ရမှာဖြစ်ပြီး အဲဒါကို ရှုပ်ထွေးအောင် လုံးဝလုပ်လို့မရပါဘူး” ဟု ရှီက ပြောကြားခဲ့ကာ တရုတ်-အမေရိကန် နှစ်နိုင်ငံလုံးသည် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးရရှိမည်ဖြစ်ကာ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ဆုံးရှုံးနစ်နာမှုများသာ ရရှိမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားသစ်
ခေါင်းဆောင်နှစ်ဦး၏ တရားဝင်ဆွေးနွေးပွဲ၌ ရှီက တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ တာဝန်ရှိသူများအကြား လတ်တလောပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောကြားခဲ့ကာ “ယေဘုယျအားဖြင့် မျှတ၍ အပြုသဘောဆောင်သည့် ရလဒ်များ” ရရှိခဲ့သည်ဟု ချီးကျူးခဲ့သည်။
“ဒါက နှစ်နိုင်ငံပြည်သူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ သတင်းကောင်းပါပဲ” ဟု ရှီက ပြောကြားခဲ့ကာ နှစ်ဖက်အနေဖြင့် ကြိုးစားပမ်းစား ဖန်တီးရယူခဲ့သည့် အရှိန်အဟုန်ကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန်လည်း တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုစာရင်းကို စဉ်ဆက်မပြတ် ချဲ့ထွင်ကာ ပြဿနာစာရင်းများကို လျှော့ချနိုင်ရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိသည်ဟု မေ ၁၄ ရက်က ပြောကြားခဲ့သည်။
ထရမ့်၏ လတ်တလောခရီးစဉ်၌ Apple ကုမ္ပဏီမှ တင်ကွတ်ခ်၊ Nvidia ကုမ္ပဏီမှ ဂျန်ဆန်ဟွမ်၊ Tesla ကုမ္ပဏီမှ အီလွန်မက်စ် စသည့် အမေရိကန် ထိပ်တန်းအလုပ်အမှုဆောင်များလည်း အတူလိုက်ပါလာခဲ့ရာ ၎င်းပုဂ္ဂိုလ်များသည် အမေရိကန် စီးပွားရေးအသိုင်းအဝိုင်း၏ ထင်ရှားကျော်ကြားသည့် ကိုယ်စားလှယ်များ ဖြစ်သည်ဟု ထရမ့်က ဆိုသည်။
“သူတို့အားလုံးက တရုတ်နိုင်ငံကို လေးစားကြပြီး တန်ဖိုးထားကြပါတယ်။ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ ကျွန်တော် သူတို့ကို လေးလေးနက်နက် တိုက်တွန်းထားပါတယ်” ဟု ထရမ့်က ပြောသည်။ စီးပွားရေးခေါင်းဆောင်များကလည်း ရှီနှင့် ထရမ့်တို့၏ အောင်မြင်သော တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားသစ်များ ဖြည့်တင်းပေးကာ ကမ္ဘာ့စီးပွားရေးအတွက်လည်း သေချာရေရာမှုများ ပေးစွမ်းလျက်ရှိသည်ဟု ဆိုသည်။
“တရုတ်နိုင်ငံဟာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်ပေးဖို့ပဲရှိပါတယ်” ဟု ရှီက ပြောသည်။ အမေရိကန် ကုမ္ပဏီများသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်လျက်ရှိကာ အမေရိကန်ဘက်က တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းကို လှိုက်လှဲစွာကြိုဆိုလျက်ရှိသည်ဟု ရှီက ဖြည့်စွက်ပြောကြားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။https://english.news.cn/20260514/23be0339ab314ba08795b96a0cdfbb31/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ Temple of Heaven သို့ အလည်အပတ်သွားရောက်နေပုံကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Chinese, U.S. presidents agree on new vision for bilateral ties in Beijing talks
BEIJING, May 14 (Xinhua) — In a meeting closely watched by the world, Chinese President Xi Jinping and U.S. President Donald Trump on Thursday agreed on a new vision of building a constructive bilateral relationship of strategic stability.
The new vision will provide strategic guidance for China-U.S. relations over the next three years and beyond, Xi said when holding talks in Beijing with Trump, who is on a three-day state visit to China — the first such visit in the past nine years.
Xi defined the nature of “constructive strategic stability” as a positive stability with cooperation as the mainstay, a sound stability with moderate competition, a constant stability with manageable differences, and an enduring stability with promises of peace.
Trump said he will work with Xi to strengthen communication and cooperation, properly handle differences, and make bilateral relations better than ever before.
Both leaders agreed that China-U.S. relations are the most important bilateral relationship in the world today.
“Looking back at the course of China-U.S. relations, whether or not we could have mutual respect, peaceful coexistence, and win-win cooperation is the key to whether the relationship can advance steadily,” Xi said at Thursday’s welcome banquet for Trump.
“We must make it work, and never mess it up,” Xi said, adding that both China and the United States stand to gain from cooperation and lose from confrontation.
NEW IMPETUS FOR COOPERATION
During the two leaders’ formal talks, Xi spoke of the latest round of trade talks between Chinese and U.S. officials, lauding the “generally balanced and positive outcomes.”
“This is good news for the people of the two countries and the world,” he said, calling on the two sides to sustain the good momentum that they have worked hard to create.
The Ministry of Commerce said on Thursday that China is ready to work with the United States to continuously expand the list of cooperation and shorten the list of problems.
In the current trip, Trump is accompanied by top U.S. executives, including Apple’s Tim Cook, Nvidia’s Jensen Huang and Tesla’s Elon Musk, whom he called outstanding representatives from the U.S. business community.
“They all respect and value China. I strongly encourage them to expand cooperation with China,” Trump said. The business leaders said that the successful meeting between Xi and Trump has injected new impetus into bilateral economic and trade cooperation and provided certainty for the world economy.
“China will only open its door wider,” Xi said. American companies are deeply involved in China’s reform and opening up, and the U.S. side is welcome to enhance mutually beneficial cooperation with China, he added.
https://english.news.cn/20260514/23be0339ab314ba08795b96a0cdfbb31/c.html
English Caption 1
Chinese President Xi Jinping holds a welcome ceremony for U.S. President Donald Trump, who is on a state visit to China, outside the Great Hall of the People prior to their talks in Beijing, capital of China, May 14, 2026. (Xinhua/Li Xiang)
English Caption 2
Chinese President Xi Jinping holds talks with U.S. President Donald Trump, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, May 14, 2026. (Photo by Xiao Yi/Xinhua)
English Caption 3
Chinese President Xi Jinping and U.S. President Donald Trump visit the Temple of Heaven in Beijing, capital of China, May 14, 2026. (Xinhua/Liu Bin)
