Connect with us

Asia

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၁၁ ဦးအထိ ရှိလာ

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ် Prayagraj ခရိုင်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျသွားသော သစ်ပင်ဘေးတွင် လူများ စုဝေးနေကြသည်ကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၁၁ ဦး သေဆုံးပြီး ၇၂ ဦး ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယမီဒီယာ၏ မေ ၁၄ ရက် ညပိုင်းသတင်းဖော်ပြချက်အရ သိရသည်။
ဥတ္တရာပရာဒက်ရှ်ပြည်နယ်ရှိ ဒေသ ၂၆ ခုတွင် သေဆုံးဒဏ်ရာရရှိသူများ ရှိကြောင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၂၇ လုံး ပျက်စီးခဲ့ကြောင်း အဆိုပါပြည်နယ် ကယ်ဆယ်ရေးကော်မရှင်ရုံး၏ ထိုနေ့ညပိုင်းတွင် ထုတ်ပြန်သော အချက်အလက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ (Xinhua)

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ် Prayagraj ခရိုင်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျသွားသော သစ်ပင်များကို ရှင်းလင်းနေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
印度北方邦强风暴遇难人数上升至111人
新华社新德里5月15日电 据印度媒体14日晚报道,印度北方邦近日遭遇的强风暴袭击已造成111人死亡,72人受伤。
报道援引北方邦救援专员办公室当天晚间发布的信息说,该邦已有26个区报告出现人员伤亡。强风暴还导致227栋房屋损坏。(完)
图说1:5月13日,在印度北方邦普拉亚格拉杰,人们聚集在被强风暴吹倒的树木旁。新华社发
图说2:5月13日,在印度北方邦普拉亚格拉杰,救援人员清理被强风暴吹倒的树木。新华社发

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117