Connect with us

China

ရှီက ယခုနှစ် ဆောင်းဦးရာသီတွင် အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ကျုံးနန်ဟိုင်တွင် စကားလက်ဆုံပြောဆိုဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ ယခုနှစ် ဆောင်းဦးရာသီတွင် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းသံတမန် ဝမ်ရိက မေ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်းတွင် မကြာသေးမီကမှ ပြီးဆုံးခဲ့သည့် ရှီ-ထရမ့် တွေ့ဆုံမှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ဝမ်က အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ခေါင်းဆောင်နှစ်ဦးအကြား အပြန်အလှန်ဆက်ဆံမှုများနှင့် ဖလှယ်မှုများနှင့်ပတ်သက်၍ အသေးစိတ်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရေး၊ ကောင်းမွန်သော ပတ်ဝန်းကျင် ဖော်ဆောင်ရေးနှင့် အကျိုးရလဒ်များ ပိုမိုတိုးတက်ရရှိစေရေးအတွက် နှစ်ဖက်အနေဖြင့် လက်တွဲဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Xi to pay state visit to U.S. in autumn this year
BEIJING, May 15 (Xinhua) — Chinese President Xi Jinping will pay a state visit to the United States in autumn this year at the invitation of U.S. President Donald Trump, Chinese top diplomat Wang Yi said on Friday.
Wang made the announcement when briefing the press on the just-concluded Xi-Trump meeting in Beijing.
He called on the two sides to work together to make thorough preparations for the interactions and exchanges between the two heads of state, foster a favorable atmosphere and build up more outcomes. ■
English Caption
Chinese President Xi Jinping and U.S. President Donald Trump have a private meeting at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Li Xiang)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117