Africa & Middle East
ဆော်ဒီအာရေဗျမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၈၈.၈ဘီလီယံ သုံးစွဲသွားမည်
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံသည် မြို့တော် ရီယာ့ဒ်မြို့အတွက် အမေရိကန်ဒေါ်လာ ၈၈.၈ဘီလီယံတန်ဖိုးရှိ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဖေဖော်ဝါရီ ၁၃ ရက်က ဆောင်ရွက်နေပြီဖြစ်ကြောင်း Al Arabiya TV ကဖော်ပြခဲ့သည်။
အဆိုပါ စီမံကိန်းများသည် မြို့တော်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို တိုးမြှင့်ပေးရန် နှင့် ပညာရေး၊ ကျန်းမာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအား လွှမ်းခြုံထားနိုင်ရန် ဖြစ်ကြောင်း Al Arabiya TVကဖော်ပြခဲ့သည်။
စီမံကိန်း ၂,၈၃၀ခုအနက် ၉၃၁ခုကို အပြီးသတ်ဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းကဖော်ပြခဲ့သည်။
ယင်းစီမံကိန်းများသည် ရေနံမှရရှိသော ဝင်ငွေအပေါ် မှီခိုမှုနည်းပါးလားစေရန် မကြာသေးမီနှစ်များက ဆောင်ရွက်ခဲ့သော ဆော်ဒီအာရေဗျနိုင်ငံ ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ (Xinhua)