Connect with us

International Organizations

ရာသီကုန်တွင် ဘာစီလိုနာအသင်းမှ လီဝန်ဒေါစကီး ထွက်ခွာမည်

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်က ဘာစီလိုနာအသင်းနှင့် နယူးကာဆယ် ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၌ ရောဘတ် လီဝန်ဒေါစကီး ပထမဂိုးသွင်းယူပြီးနောက် ဘာစီလိုနာအသင်းသားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်း တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ၎င်းအနေဖြင့် လက်ရှိဘောလုံးရာသီကုန်၌ အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း မေ ၁၆ ရက်က ကြေညာခဲ့သည်။အသက် ၃၇ နှစ်အရွယ် အဆိုပါကစားသမားက ဆိုရှယ်မီဒီယာ၌ မက်ဆေ့ချ်တစ်စောင် ထုတ်ပြန်ကာ ဘာစီလိုနာအသင်းနှင့်အတူ ဘောလုံးရာသီလေးခုကြာ ဖြတ်သန်းမှုကို အဆုံးသတ်တော့မည်ဖြစ်သည်။ “စိန်ခေါ်မှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေ ပြည့်နှက်နေတဲ့ လေးနှစ်တာကာလကို ဖြတ်သန်းပြီးနောက် အပြောင်းအလဲလုပ်ဖို့ အချိန်တန်ပါပြီ” ဟု ၎င်းက ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။

“ဘောလုံးရာသီ လေးခုမှာ ချန်ပီယံသုံးကြိမ် ဖြစ်ခဲ့တာမို့လို့ မစ်ရှင်အောင်မြင်ပြီဆိုတဲ့ ခံစားချက်နဲ့အတူ ကျွန်တော် ထွက်ခွာသွားမှာပါ” ဟု ၎င်းက ရှင်းလင်းပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် အသင်းသို့ စတင်ရောက်ရှိချိန်ကတည်းကပင် ပရိသတ်များ၏ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သည့်အတွက် လုံးဝမေ့ပျောက်နိုင်မည်မဟုတ်ဟုလည်း ပြောကြားခဲ့သည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ဘာစီလိုနာအသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ရောဘတ် လီဝန်ဒေါစကီး (ယာ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

“ဒီလိုခမ်းနားလှပတဲ့ လေးနှစ်တာကာလ တစ်လျှောက်လုံးမှာ ဆုံတွေ့ခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု လီဝန်ဒေါစကီးက ပြောကြားခဲ့ကာ ၎င်း၏ကစားသမားဘဝတွင် မယုံနိုင်ဖွယ်အကောင်းဆုံး အခန်းကဏ္ဍကို ပိုင်ဆိုင်ခွင့်ပေးခဲ့သည့်အတွက် အသင်းဥက္ကဋ္ဌ လာပေါ်တာကိုလည်း အထူးကျေးဇူးတင်သည်ဟု ဆိုသည်။

“ဘာစီလိုနာအသင်းဟာ သူနဲ့ထိုက်တန်တဲ့နေရာကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါပြီ” ဟုလည်း ၎င်းက အဆုံးသတ်တွင် ပြောကြားခဲ့သည်။လီဝန်ဒေါစကီးမှာ ၂၀၂၂ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ အသင်းအတွက် ၁၉၁ ပွဲ ပါဝင်ကစားခဲ့ရာ ၁၁၉ ဂိုး သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါချန်ပီယံဆု သုံးကြိမ်၊ ၂၀၂၅ ခုနှစ်တွင် စပိန်ဘုရင့်ဖလားတစ်ကြိမ်နှင့် စပိန်စူပါဖလား သုံးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ဘာစီလိုနာအသင်းနှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ရောဘတ် လီဝန်ဒေါစကီး ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ယခုရာသီတွင်မူ လီဝန်ဒေါစကီးမှာ အသက်အရွယ်ကြောင့် အသင်း၌ အခန်းကဏ္ဍ လျော့ကျလာခဲ့ရာ ဇွန်လကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သော်လည်း အသင်းဘက်က ၎င်းအား စာချုပ်သက်တမ်းတိုးခြင်း ပြုမပြုဆိုသည့်အပေါ် ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

သို့သော် ၎င်းမှာ ယခုရာသီတွင်လည်း လာလီဂါတွင် ၁၃ ဂိုး သွင်းယူထားနိုင်ဆဲဖြစ်သည်။လီဝန်ဒေါစကီး ထွက်ခွာသွားခြင်းက ဘာစီလိုနာအသင်း၏ လုပ်ခလစာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနိုင်မည်ဖြစ်ကာ လာလီဂါ၏ တင်းကျပ်သော ဘဏ္ဍာရေးသာတူညီမျှ စည်းမျဉ်းများအောက်တွင် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်၌ ကစားသမားသစ်များ ခေါ်ယူနိုင်ရန် ပိုမိုလွယ်ကူသွားစေမည်ဖြစ်သည်။ (Xinhua)
…………………………………………………
(English Version)
Lewandowski to leave FC Barcelona at end of season
MADRID, May 16 (Xinhua) — Robert Lewandowski announced on Saturday that he will leave FC Barcelona at the end of the current season.
The 37-year-old drew the curtain on four seasons with FC Barcelona with a message on social media. “After four years full of challenges and hard work, it’s time to move on.”
“I leave with the feeling that the mission is complete. 4 seasons, 3 championships,” he explained, adding that he would “never forget the love I received from the fans from my very first days.”
“Thank you to everyone I met along the way during these beautiful four years,” added the striker, who gave a “special thank you to President Laporta for giving me the chance to live the most incredible chapter of my career.”
“Barca is back where it belongs,” he concluded.
Lewandowski joined Barcelona from Bayern Munich in 2022 and has so far made 191 appearances for the club, scoring 119 goals, while winning three La Liga titles, the 2025 Copa del Rey, and three Spanish Super Cups.
This season has seen his role in the team reduced with age beginning to catch up with him, prompting speculation whether the club would extend his contract, which is due to expire at the end of June.
He has still managed to score 13 goals so far in La Liga this campaign.
Lewandowski’s departure will help Barcelona lower the club’s wage bill and make it easier to make new signings over the summer under La Liga’s financial fair play rules.
English Caption 1
Robert Lewandowski of FC Barcelona celebrates a goal during the La Liga football match between FC Barcelona and Valencia CF in Barcelona, Spain, on Sept. 14, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Robert Lewandowski (R) of Barcelona celebrates his score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)
English Caption 3
Players of FC Barcelona celebrate the first goal of Robert Lewandowski during the UEFA Champions League Round of 16 second leg match between FC Barcelona and Newcastle United FC in Barcelona, Spain, March 18, 2026. (Photo by Joan Gosa/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117