Connect with us

Asia

လူသေစေနိုင်သောလက်နက်များ တင်ပို့မှုတားမြစ်ချက်အား ရုပ်သိမ်းခြင်းအပေါ် ဖြေဆိုသူအများစု ကန့်ကွက်ကြောင်း ဂျပန်ပြည်သူ့သဘောထားစစ်တမ်းတွင် ဖော်ပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြသူများက ဆိုင်းဘုတ်များကိုင်ဆောင်၍ လူထုစုဝေးပွဲတွင် ပါဝင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မေ ၁၈ ရက် (ဆင်ဟွာ)
တာကာအိချိ ဆာနာအဲအစိုးရ၏ လူသေစေနိုင်သောလက်နက်များ တင်ပို့မှုတားမြစ်ချက်အား ရုပ်သိမ်းခြင်းအပေါ် ဖြေဆိုသူထက်ဝက်ကျော်က ကန့်ကွက်ကြကြောင်း ဂျပန်မီဒီယာ၏ မကြာသေးမီရက်က ထုတ်ပြန်သော နောက်ဆုံး ပြည်သူ့သဘောထားစစ်တမ်းရလဒ်များအရ သိရသည်။
လူသေစေနိုင်သောလက်နက်များ တင်ပို့မှုတားမြစ်ချက်အား ရုပ်သိမ်းခြင်းကို ဖြေဆိုသူ ၅၇.၂ ရာခိုင်နှုန်းက ကန့်ကွက်ပြီး ဖြေဆိုသူ ၃၇.၁ ရာခိုင်နှုန်းကမူ ထောက်ခံကြောင်း ဂျပန်ကျိုဒိုသတင်းဌာန၏ မေ ၁၇ ရက်က ထုတ်ပြန်သော ပြည်သူ့သဘောထားစစ်တမ်းတွင် ဖော်ပြထားသည်။
ဂျပန်အစိုးရ၏ လူသေစေနိုင်သောလက်နက်များ တင်ပို့ရန် အခြေခံမူအားဖြင့် ခွင့်ပြုခြင်းနှင့် ပတ်သက်၍ ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းက ကန့်ကွက်ပြီး ဖြေဆိုသူ ၃၅ ရာခိုင်နှုန်းကမူ ထောက်ခံကြောင်း ဂျပန် NHK သတင်းဌာန၏ မေလ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်ခဲ့သော ပြည်သူ့သဘောထားစစ်တမ်းတွင် ဖော်ပြခဲ့သည်။
ဂျပန်အစိုးရသည် ဧပြီ ၂၁ ရက်တွင် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုကာ “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” နှင့် ၎င်း၏ အသုံးပြုမှုလမ်းညွှန်ချက်များ ပြင်ဆင်မှုကို လုပ်ဆောင်ပြီးခဲ့ပြီး ယင်းမတိုင်မီ လက်နက်တင်ပို့မှုကို တိုက်ခိုက်ရေး၌ အသုံးပြုခြင်း မဟုတ်သော အမျိုးအစား ၅ မျိုးအတွင်းသာ ကန့်သတ်ထားသည့် ကန့်သတ်ချက်များအား ရုပ်သိမ်းခဲ့ရာ အခြေခံမူအားဖြင့် လူသေစေနိုင်သော လက်နက်များ တင်ပို့ခြင်း အပါအဝင် လက်နက်ကုန်ချောများ တင်ပို့မှုကို ခွင့်ပြုခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် ဂျပန်နိုင်ငံပြည်တွင်း၌ လူထု၏ ကန့်ကွက်ဆန့်ကျင်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
日本民调:多数受访者反对解禁杀伤性武器出口
新华社东京5月17日电(记者陈泽安 梁晨)根据日本媒体近日公布的最新民调结果,对于高市早苗政府解禁杀伤性武器出口,过半受访者表示反对。
日本共同社17日公布的民调显示,57.2%的受访者反对解禁杀伤性武器出口,37.1%的受访者表示赞成。
日本广播协会本月8日至10日进行的民调显示,对于日本政府原则上允许出口杀伤性武器,52%的受访者表示反对,35%的受访者表示赞成。
日本政府4月21日通过内阁决议,完成了对“防卫装备转移三原则”及其运用指南的修改,取消了此前将武器出口限定在5类非战斗用途范围内的限制,原则上允许包括杀伤性武器在内的成品武器出口。此举在日本国内持续引发民众抗议。(完)
图说:4月16日,在位于日本东京的首相官邸前,抗议者手持标语参加集会。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117