Connect with us

China

ရှီက တရုတ်-အမေရိကန် အတူယှဉ်တွဲနေထိုင်မှု မြှင့်တင်ရန် သဟဇာတဖြစ်မှု အတွေးအမြင်ကို ကိုးကားဖော်ပြ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့က တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကောင်းကင်ဘုံဘုရားကျောင်းသို့ သွားရောက်လည်ပတ်စဉ် Prayer for Good Harvests ခန်းမရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၏ ဗဟိုချက်နေရာရှိ ကောင်းကင်ဘုံဘုရားကျောင်းသည် ကောင်းကင်နှင့် မြေကြီးကြား သဟဇာတဖြစ်မှုဆိုင်ရာ ရှေးခေတ် တရုတ်လူမျိုးများ၏ ယုံကြည်မှု အမှတ်သင်္ကေတအဖြစ် ကာလကြာရှည် ရပ်တည်လျက်ရှိသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် နှစ် ၆၀၀ ကျော် သက်တမ်းရှိသော အဆိုပါ ဗိသုကာဆိုင်ရာအဆောက်အအုံဝင်းကို မေ ၁၄ ရက်က သွားရောက်လည်ပတ်ခဲ့ကြသည်။ ထရမ့်က မေ ၁၅ ရက်တွင် တရုတ်နိုင်ငံခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ဝါရှင်တန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ကောင်းကင်ဘုံဘုရားကျောင်းသို့ ၎င်းတို့သွားရောက်လည်ပတ်စဉ်အတွင်း ထိုအချိန်က တရုတ်နိုင်ငံအား အုပ်ချုပ်သူများက နိုင်ငံသာယာဝပြောပါစေကြောင်း၊ လူမှုကဏ္ဍ သဟဇာတဖြစ်ပါစေကြောင်းနှင့် သီးနှံများ ကောင်းစွာ ရိတ်သိမ်းနိုင်ရေးအတွက် ရာသီဥတုသာယာကောင်းမွန်ပါစေကြောင်း ဝတ်ပြုဆုတောင်းလေ့ရှိသည့် အဆိုပါ ဘုရားကျောင်းအတွင်း ရှေးခေတ်အချိန်ကာလ၊ နိုင်ငံ၏ ရိုးရာဓလေ့များအကြောင်းကို ရှီက ထရမ့်အား ရှင်းပြခဲ့သည်။
ထိုဘုရားကျောင်းသည် ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် အတူယှဉ်တွဲနေထိုင်ရေး ဟု အဓိပ္ပာယ်ရသည့် တရုတ်ရိုးရာ အတွေးအမြင်ဒဿန “Hehe” အထိမ်းအမှတ်ဖြစ်သည်။ ရှီက တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်အပေါ် ၎င်း၏ နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားကြောင်း အလေးအနက် ဖော်ပြလျက် တရုတ်ရိုးရာယဉ်ကျေးမှုကို ပြည်ပနိုင်ငံခေါင်းဆောင်များအား မကြာခဏ မိတ်ဆက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260516/55121a3223e345b887ce6d9d62b38547/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြို့တော် ပေကျင်းရှိ ကျုံးနန်ဟိုင်သို့ ရောက်ရှိလာသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြို့တော် ပေကျင်းရှိ ကျုံးနန်ဟိုင်သို့ ရောက်ရှိလာသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Xi cites philosophy of harmony to promote China-U.S. coexistence
BEIJING, May 16 (Xinhua) — The Temple of Heaven in the heart of Beijing has long stood as a symbol of the ancient Chinese belief in harmony between heaven and earth.
Chinese President Xi Jinping and U.S. President Donald Trump on Thursday visited the more than 600-year-old architectural complex. Trump concluded his state visit to China and departed for Washington on Friday.
During their visit to the Temple of Heaven, Xi explained to Trump that in ancient times, state rituals were held in the temple, where then Chinese rulers prayed for national prosperity, social harmony, and favorable weather for good harvests.
The temple symbolizes the traditional Chinese philosophy of “Hehe” — meaning peace, harmony and coexistence. Xi has often introduced foreign leaders to traditional Chinese culture, underscoring his deep appreciation for China’s cultural heritage.
https://english.news.cn/20260516/55121a3223e345b887ce6d9d62b38547/c.html
Photo 1: Chinese President Xi Jinping and U.S. President Donald Trump have a photo taken in front of the Hall of Prayer for Good Harvests while visiting the Temple of Heaven in Beijing, capital of China, May 14, 2026. (Xinhua/Shen Hong)
Photo 2, 3: Chinese President Xi Jinping welcomes U.S. President Donald Trump upon Trump’s arrival at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Li Xiang)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117