Connect with us

NPC

တရုတ်နိုင်ငံက အခွန်၊ အခများ ပိုမိုလျှော့ချရေး အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက စီးပွားရေးဖိအား အကျဘက်ဦးတည်နေမှုအား အရေးပါသည့် တန်ပြန်အစီအမံအဖြစ် ယခုနှစ်တွင် အခွန်၊ အခများကို ပိုမိုများပြားသည့် ပမာဏလျှော့ချရေး အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ပြောင်းလဲမှုသည် ကုမ္ပဏီများအား အစုပေါ်အမြတ် ယွမ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉၇ ဘီလီယံခန့်) ပေးအပ်နိုင်ရန် မျှော်မှန်းကြောင်း တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည် အစည်းအြေး ပိတ်ပွဲအခမ်းအနားပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ လီက ပြောကြားလိုက်သည်။

“ကုန်ထုတ်လုပ်ရေးနဲ့ အခြား အခြေခံကဏ္ဍများ၊ ကျွန်တော်တို့နိုင်ငံအတွက် အလုပ်အကိုင်တွေကို အကြီးမားဆုံး ထောက်ပံ့ပေးထားတဲ့ အသေးစားနှင့် အလတ်စား ကုမ္ပဏီများအတွက် တန်ဖိုးမြှင့်ထုတ်ကုန် အခွန်နှုန်းထားကို လျှော့ချပေးချင်တာပါ” ဟု ၎င်းက ပြောခဲ့သည်။“ဒါက ကုမ္ပဏီတွေအတွက် အထောက်အကူဖြစ်စေမယ့် ဝန်းကျင်တစ်ခုကို ဖန်တီးပေးမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ထိရောက်တဲ့ အခွန် အရင်းအမြစ်တွေကို သက်ရောက်မှုရှိစေမှာပါ” ဟု လီက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117