Connect with us

Asia

ထိုင်း နိုင်ငံ အစိုးရ အဖွဲ့ မှ ဝန်ကြီး ၁၅ ဦး ရာထူး မှ နုတ်ထွက်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်-ချန်-အိုချာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

ထိုင်း နိုင်ငံ ဝန်ကြီးချုပ်ရုံး ၏ မေလ ၁၀ ရက် ညပိုင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ ထိုင်း နိုင်ငံ အစိုးရ အဖွဲ့ မှ ဝန်ကြီး ၁၅ ဦး က လတ်တလောရက်ပိုင်း အတွင်း ရာထူး မှ နုတ်ထွက်မည် ဖြစ်ကြောင်း ဖော်ပြထားပြီး ထိုင်း နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ ၎င်းတို့ က အထက်လွှတ်တော် လွှတ်တော်အမတ်များ အဖြစ် တာဝန်ယူ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာ ခဲ့သည့် စာရင်း အရ ရာထူး မှ နုတ်ထွက်မည့် သူများထဲတွင် ဒုတိယ ဝန်ကြီးချုပ် Chatichai Choonhavan ၊ ဒုတိယဝန်ကြီးချုပ် နှင့် တရားရေးရာဝန်ကြီး ၊ ခရီးသွား နှင့် အားကစား ဝန်ကြီး ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ၊ သဘာဝ အရင်းအမြစ် နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ၊ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး ၊ ပညာရေး ဝန်ကြီး ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး နှင့် လူသား လုံခြုံရေး ဌာန ဝန်ကြီး စသည့် ဝန်ကြီးဌာန ၆ ခု မှ ဝန်ကြီး များ နှင့် ဒုတိယ ဝန်ကြီး ၇ ဦး တို့ ပါဝင် ကြောင်း သိရှိရသည်။

ထိုင်း နိုင်ငံ သတင်းမီဒီယာ များ၏ မေလ ၁၁ ရက် ဖော်ပြချက်အရ ယခု အကြိမ် အစိုးရ အဖွဲ့ ဝင် ဝန်ကြီး ၁၅ ဦး ရာထူး မှ နုတ်ထွက် ပြီးနောက် ဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်သော အစိုးရအဖွဲ့ အနေဖြင့် အဖွဲ့ဝင် ၁၇ ဦး သာ ကျန်ရှိတော့မည် ဖြစ်ကြောင်း သိရှိရသည်။၂၀၁၄ ခုနှစ် တွင် ထိုင်းနိုင်ငံ စစ်ဘက်ဆိုင်ရာ က အာဏာသိမ်းမှု ပြုလုပ်ခဲ့ပြီး မူလ ကြည်းတပ် တပ်မှူး ရာထူး ထမ်းဆောင်နေသည့် ပရာယွတ် က ဦးဆောင်၍ ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားရေး အမျိုးသား ကောင်စီ ကို ဖွဲ့စည်း ခဲ့ကြောင်း ၊ ပရာယွတ် အနေဖြင့် ထို အချိန် မှ စတင် ၍ ဝန်ကြီးချုပ် ရာထူး အား လက်ရှိချိန်ထိ တာဝန်ယူ ခဲ့ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117