Connect with us

Politics, Law & Military

ပိုမို ကျစ်လစ် ခိုင်မာသော စည်းလုံး ညီညွှတ်မှုဖြင့် တိုင်းရင်းသား ပြည်သူများ၏ အရေး တစ်စိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမည်ဟုဆို

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၏ သဘောထား ထုတ်ပြန်ကြေညာချက် (ဓာတ်ပုံ-NBF)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တွင် လွှတ်တော် အရပ်ရပ်တွင် ၇၈ ဦးသာ အနိုင်ရရှိသော်လည်း ပိုမို ကျစ်လစ် ခိုင်မာသော စည်းလုံး ညီညွှတ်မှုဖြင့် တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေး ၊ အကျိုးစီးပွား တို့ကို တစ်စိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမည်ဟု သဘောထားထုတ်ပြန် ကြေညာခဲ့သည်။

ထိုပြင် ပြည်တွင်း စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြရသော အပြစ်မဲ့ တိုင်းရင်းသား ပြည်သူလူထုတို့ကို စာနာ ထောက်ထား ငဲ့ညှာသော အားဖြင့် စစ်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းပေးကြရန် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးတို့အားလည်း တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)၏ ၂၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့သဘောထား ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား ပါတီ ၂၃ ပါတီနှင့် မဟာမိတ်စု ဖွဲ့ထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၇၁၀ ဦးဖြင့် ကိုယ်စားလှယ် နေရာ အများစု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117