Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ၁ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေစဉ်(ဆင်ဟွာ)

မွမ်ဘိုင်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ဇွန် ၁၂ ရက်တွင် ယင်းမြို့၏ Churchgate ရထားဘူတာရုံ၌ အသက် ၆၂ နှစ်အရွယ် အဖိုးအိုတစ်ဦးသေဆုံးသွားပြီး ၊ တစ်ချိန်တည်းမှာပင် Bandra ဆင်ခြေဖုံးရပ်ကွက်၌ အမျိုးသမီးကြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဖိုးအိုမှာ မုန်တိုင်းတိုက်ခတ်၍ လဲကျရာမှ လွင့်စင်ထွက်လာသော ကွန်ကရစ်ဘုတ်အပိုင်းအစတစ်ခုထိမှန်၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

အခြားဖြစ်စဉ်တစ်ခုမှာ Bandra ဆင်ခြေဖုံးရပ်ကွက်၌ အမျိုးသမီးကြီး သုံးဦးပေါ်သို့အလှဆင်ဖန်ပြားချက်များ ပြုတ်ကျထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့သုံးဦးစလုံးကို ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း နှင့် တည်ငြိမ်သောအခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်လျက်ရှိနေရာ ယနေ့ဇွန် ၁၃ ရက် ညနေပိုင်းတွင် Gujarat ပြည်နယ်သို့ဝင်ရောက်မည်ဖြစ်ကြောင်း နှင့် ၎င်းပြည်နယ်နှင့်ထိစပ်နေသည့် အနီးအနားပြည်နယ်တစ်ခုဖြစ်သော မွမ်ဘိုင်းမြို့တည်ရှိရာ Maharashtra ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117