Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ်စတန်နှင့် တာဂျစ်ကစ္စတန် နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရာမှ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ အီမိုမာလီ ရာမွန်အား ဒူရှန်းဘီမြို့လေဆိပ်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ကာဂျစ်စတန်နှင့်တာဂျစ်ကစ္စတန်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်သွားရောက်၍ (၁၉) ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ နိုင်ငံခေါင်းဆောင်များအစည်းအဝေး နှင့် (၅)ကြိမ်မြောက် အာရှ ညှိနှိုင်း ဆောင်ရွက်ရေး နှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး(CICA)သို့ တက်ရောက်ခဲ့ပြီး ဇွန် ၁၆ ရက် ညပိုင်း တွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဇွန် ၁၆ ရက် နံနက်ပိုင်းက သမ္မတရှီ ဒူရှန်းဘီမြို့မှ ပေကျင်းမြို့သို့ ထွက်ခွာရာတွင် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန်(Emomali Rahmon)က လေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ထိုသို့ ပို့ဆောင်နှုတ်ဆက်ရာတွင် သမ္မတ ရှီက သမ္မတ အီမိုမာလီ ရာမွန်(Emomali Rahmon)နှင့် တာဂျစ်ကစ္စတန်နိုင်ငံ၏ လှိုက်လှဲပျူငှာနွေးထွေးစွာ ဧည့်ဝတ်ပြုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ CICA ထိပ်သီးအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်သည့်အတွက်လည်း ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ယခုလို လာရောက်ဆွေးနွေးရာတွင် နှစ်ဖက်နှစ်နိုင်ငံ အမြင်သဘောထားများဖလှယ်ရာ၌ သဘော တူညီမှုများ ရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက်ကြောင်း ၊တရုတ်-တာဂျစ္စတန်နှစ်နိုင်ငံသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သည့် အောင်မြင်မှုရလဒ်များ ရရှိနေပြီဖြစ်ရာ နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားအတွက် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုတွင် နောက်ထပ်တစ်ဆင့်တိုးလျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

သမ္မတ အီမိုမာလီ ရာမွန်(Emomali Rahmon)ကလည်း CICAထိပ်သီးအစည်းအဝေးအတွက် သမ္မတရှီနှင့် တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ရှိပါကြောင်း ၊ နှစ်နိုင်ငံအကြား နက်နဲသော ချစ်ကြည်ရေးတည်ရှိရာ တရုတ်-တာဂျစ်ကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေးကို အထူးအလေးထားကြောင်း ၊ တရုတ်နိုင်ငံ၏ အားပေးထောက်ပံ့မှုများကိုလည်း ကျေးဇူတင်ရှိပါကြောင်း ၊ ယခု သမ္မတရှီ၏ လည်ပတ်ရေးခရီးစဉ်မှာ လေးနက်သည့်အဓိပ္ပါယ်ကိုဖော်ဆောင်ရာ၊ တာဂျစ်ကစ္စတန်အနေဖြင့် တိုးတက်အခွင့်လမ်းကောင်းအဖြစ်သဘောထားကာ နှစ်နိုင်ငံဆက်ဆံရေးကို နက်နက်နဲနဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117