Connect with us

Africa & Middle East

အီရတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအနီးတွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွား

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Green Zone ရှိ လမ်းမကြီးတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Green Zoneရှိ အမေရိကန်သံရုံးအနီးတွင် စက်တင်ဘာ ၂၃ ရက် ညပိုင်းက လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အီရတ်လုံခြုံရေး အရာရှိတစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ 

လက်နက်ကြီး ကျည်ဆံ နှစ်လုံး စက်တင်ဘာ ၂၃ ရက် ညပိုင်းက အီရတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအနီးတွင် ကျရောက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများ မရှိသေးကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဆင်ဟွာကိုပြောကြားခဲ့သည်။  

အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ အီရတ် ပူးတွဲစစ်ဆင်ရေး စစ်ဌာနချုပ်ကလည်း အတည်ပြုကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

Green Zoneသည် ဘဂ္ဂဒက်မြို့လယ်ခေါင်တွင် တည်ရှိပြီး အီရတ် အစိုးရ ဌာနများ၊ အီရတ် နိုင်ငံ ဆိုင်ရာ  အမေရိကန်၊ ဗြိတိန် သံရုံးများရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117