Connect with us

International Organizations

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ ဦးဆောင်မောင်းနှင်အား၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တည်ငြိမ်မှု အရင်းအမြစ် ဖြစ်လာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ ဦးဆောင်မောင်းနှင်အားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးပါသော တည်ငြိမ်မှု အရင်းအမြစ်တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် ဝမ်က တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း နိုင်ငံအား ကမ္ဘာ့အသိုင်းအဝိုင်းအတွင်းသို့ ပေါင်းစည်းခဲ့ပါကြောင်းနှင့် ကမ္ဘာအား အကူအညီများ ပေးအပ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂရော ကုလသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက်ပါ ဒုတိယအကြီးဆုံး ရန်ပုံငွေ ထောက်ပံ့သူဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အရေအတွက် အများဆုံးစေလွှတ်သူဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ဆယ်စုနှစ်တစ်ခုကျော်အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွင် အဓိက မောင်းနှင်ကာ မြင့်မားသော စံနှုန်းနှင့်အတူ တံခါးဖွင့်ဝါဒသစ်အား လျှောက်လှမ်းလျက်ရှိပြီး ကမ္ဘာအား အခွင့်အလမ်းသစ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117