Connect with us

Asia

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် လူနာတင်ယာဉ်နှင့် နောက်တွဲယာဉ်တိုက်မှုကြောင့် လူ ၉ ဦးသေဆုံး

လူနာတင်ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက လူနာတင်ကားတစ်စီးနှင့် နောက်တွဲယာဉ်တစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ လူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

သတင်းများအရ ပန်ဂျပ်ပြည်နယ် မီအန်ဝါလီခရိုင် Head Pakka နယ်မြေ၌ လူနာတစ်ဦးနှင့် မိသားစုဝင်များအား တင်ဆောင်လာသည့် လူနာတင်ကားနှင့် နောက်တွဲယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ယာဉ်တိုက်မှုဖြစ်ပြီးနောက် လူနာတင်ကား၏ ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲသွားကာ မီးလောင်ခဲ့ပြီး ကားပေါ်ပါသူအားလုံး သေဆုံးသွားခဲ့သည်။အဆိုပါ လူနာတင်ကားမှာ နိုင်ငံအရှေ့ပိုင်း ဘတ်ကာမြို့မှ အစ္စလာမ်မာဘတ်မြို့သို့ ဦးတည်သွားနေခြင်းဖြစ်သည်။အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ပြီး သေဆုံးသူများအား မီအန်ဝါလီခရိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုမှာ နောက်တွဲယာဉ်မောင်းက မဆင်မခြင်မောင်းနှင်မှုကြောင့် အရှိန်လွန်ကာ တိုက်မိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင်ခဲ့သည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117