Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က တရုတ်-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးကြီးသော တိုးတက်မှုအခွင့်အလမ်းကောင်းများရရှိနေဟု ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး တို့ ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၃ ရက်က လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေးသည် လတ်တလောတွင် အရေးကြီးသော တိုးတက်မှုအခွင့်အလမ်းကောင်းများ ရရှိနေကြောင်း သမ္မတရှီက တရုတ်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး နှင့် ဒီဇင်ဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။ 

သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအဆင့်သစ်တစ်ခုသို့ရောက်ရှိအောင် တွန်းအားပေးရေးအတွက် နိုင်ငံရေးလမ်းညွန်မှုကို တိုးမြှင့်သွားရန်နှင့် နှစ်နိုင်ငံ ပြည်သူများပိုမိုကောင်းမွန်သော အကျိုးစီးပွားရရှိစေရေး နီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းသွားရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ချန်တူးမြို့၌ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် ၈ ကြိမ်မြောက် တရုတ် – ဂျပန် – တောင်ကိုရီးယား ခေါင်းဆောင်များ၏ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

တရုတ်-ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်များ ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၃ ရက်က အစည်းအဝေးကျင်းပစဉ်(ဆင်ဟွာ)

“ နှစ်ဘက်စလုံးရဲ့ ပူးတွဲကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်မှုကို ဆက်လက် တွေ့မြင်ခဲ့ရပါတယ်” ဟု ရှီက ပြောကြားခဲ့သလို ပြီးခဲ့သော ဇွန်လက  ဂျပန်နိုင်ငံ အိုဆာကာမြို့၌ အာဘေးနှင့်နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲအတွင်း ခေတ်သစ်တစ်ခုကိုရောက်ရှိစေရေး တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်ကို ပြန်ပြောင်းပြောကြားခဲ့သည်။

မျက်မှောက်ခေတ်တွင် ကမာ္ဘကြီးသည် ရာစုနှစ်တစ်ခုအတွင်း မမြင်နိုင်သော အပြောင်းအလဲများ ဖြစ်ပေါ် ပြောင်းလဲလျက်ရှိကြောင်း ၊ ပိုမိုရှုပ်ထွေးသော အခြေအနေမျိုးတွင် ကျွန်ုပ်တို့အနေဖြင့် မဟာဗျူဟာမြောက်အဖြေရှာခြင်း နှင့် ကိစ္စရပ်အားလုံးတွင် ရှေ့ဆက်သွားမည့်အမြင်တစ်ခုကိုလက်ကိုင်ထားခြင်း တို့ကို ပိုမိုထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ရှီက ဆိုသည်။

ထို့ပြင် သမ္မတရှီက ခေတ်သစ်တွင် တရုတ်-ဂျပန် ဖွံ့ဖြိုးတိုးတက်ရန် ၊ နှစ်ဖက်စလုံးအနေဖြင့် ရှင်းလင်းသောမဟာဗျူဟာမြောက်သဘောတူညီချက်တစ်ရပ်ကို ဦးစွာရောက်ရှိအောင် ဆောင်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။

“ နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်မှုကို ဖော်ပြရန် ၊ နိုင်ငံစုံပါဝင်ရေးမူဝါဒ နှင့် လွတ်လပ်သောကုန်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းသွားရန် နှင့် ကမာ္ဘ့စီးပွားရေးတံခါးဖွင့်မှုတစ်ရပ်အတွက်အားပေးမြှင့်တင်သွားရန် လိုအပ်ကြောင်း” လည်းရှီက ဆိုသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုဘာဘေးက ဂျပန် နှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် ယခုနှစ်ပိုင်းများအတွင်း အမြင့်ဆုံးအဆင့်အပြန်အလှန်ဖလှယ်မှုများ ရှိခဲ့ကြောင်း ၊ ယင်းမှာ နှစ်ဖက်အပြန်အလှန်နားလည်မှု နှင့် ဆက်ဆံရေးတိုးတက်ခိုင်မာစေရန်အတွက် အပေါင်းလက္ခဏာဆောင်သည့်တိုးတက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် လာမည့်နွေဦးရာသီတွင် ဂျပန်နိုင်ငံသို့ တရုတ်သမ္မတရှီ၏ နိုင်ငံတော်အလည်အပတ်ခရီးစဉ်လာရောက်ခြင်းကို စောင့်မျှော်လင့်နေကြောင်း နှင့် ယင်းခရီးစဉ်မှာ အလွန်အရေးပါသော အလည်အပတ်ခရီးစဉ်ဖြစ်မည်ဖြစ်ကြောင်း အာဘေးက ဖြည့်စွက်ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ရှီ၏ ခရီးစဉ် အောင်မြင်သော ခရီးစဉ်ဖြစ်ရန် နှင့် ခေတ်သစ်တွင် လိုအပ်နေသော ဂျပန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအတွက် တွန်းအားပေးသွားရန် ဆန္ဒရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အာဘေးက ၎င်းအနေဖြင့် စီးပွားရေး ၊ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု ၊ တီထွင်ဆန်းသစ်မှု ၊ ခရီးသွားလုပ်ငန်း ၊ ယဉ်ကျေးမှု နှင့် အားကစား နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားပေးသွားမည်ဟုဆိုသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်က နှစ်ဖက်စလုံးအနေဖြင့် တတိယနိုင်ငံများ၏ ဈေးကွက်များတွင် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် နှင့် ဒေသတွင်းကိစ္စရပ်များတွင် ဆက်သွယ်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117