Connect with us

Social, Education & Health

တရုတ် နိုင်ငံ၌ နှစ်ကူး ကာလ ခရီးသွားမှုများ စတင်ချိန်တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အရှိန်မြှင့်တင် 

တရုတ် နိုင်ငံရှိ မီးရထား ဘူတာရုံ တစ်ခုတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ခရီးသွားလာရန် စောင့်ဆိုင်းနေသည့် ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

ကမ္ဘာ့လူဦးရေး အများဆုံး နိုင်ငံ ဖြစ်သော တရုတ် နိုင်ငံသည် နွေဦး ပွဲတော် သို့မဟုတ် တရုတ် နှစ်သစ်ကူး ကာလ မတိုင်မီ ၁၅ ရက် အလိုတွင် နှစ်စဉ် အကြီးမားဆုံး ခရီးသွားလာမှုအား ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။

မိသားစု ပြန်လည် စုံဆည်းကြရန် အတွက် ဇန်နဝါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက် အထိ ကြားကာလ အတွင်း ခရီးသွားလာမှုမှာ ခရီးစဉ်ပေါင်း ၃ ဘီလံယံထိ ရှိနိုင်မည် ဖြစ်ပြီး ယမန်နှစ်ကထက် အနည်းငယ် မြင့်တက်နိုင်ကြောင်း  အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်(NDRC)၏ ခန့်မှန်းမှု အရ သိရသည်။

NDRC ၏ ခန့်မှန်းချက် အရ မီးရထား ခရီးစဉ်များမှာ ၈ ရာခိုင်နှုန်း ၊ လေကြောင်း ခရီးစဉ်များမှာ ၈ ဒသမ ၄ ရာခိုင်နှုန်း နှင့် ရေလမ်း ခရီးစဉ်များမှာ ၉ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး များပြားလာနိုင်ကြောင်း သိရသည်။

အဆိုပါ ရက်ပေါင်း ၄၀ ကြာ ခရီးသွားလာခြင်းအား နှစ်ကူး နွေဦးပွဲတော်တွင် ခရီးသည် သယ်ယူပို့ဆောင်ခြင်း ချွန်းယွင့်(chunyun)အဖြစ် လူသိများ ထင်ရှားပြီး ယခုနှစ် တရုတ်  နှစ်သစ်ကူးသည် ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်နေရာ  ယခင်နှစ်များထက် နှစ်သစ်ကူးရက် စောလျင်စွာ ကျရောက်နေသဖြင့် တက္ကသိုလ် ကျောင်းသားများ၏ အိမ်ပြန်ချိန် နှင့် တိုက်နေခြင်းကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍ အတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ခု ဖြစ်နေသည်။ 

နွေဦး ပွဲတော် ခရီးသွားလာရေး အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ ကြိုတင် လက်မှတ် ရောင်းချခဲ့ရာ ရထား လက်မှတ်ပေါင်း သန်း ၃၀၀ ကျော် ရောင်းချထားပြီး ဖြစ်ကြောင်း တရုတ် နိုင်ငံ မီးရထား လုပ်ငန်းထံမှ သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117