Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ ရေနည်းသတိပေးမှတ် အောက်ရောက်ရှိနိုင်၊ ရေကြောင်းသွားလာရေးများ သတိပြုရန် လိုအပ်ဟုဆို

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် ဇန်နဝါရီလ ၁၀ရက် မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် နောက်တစ်ပတ်အတွင်း ရေနည်းစိုးရိမ်ရေမှတ် (၃၆၀) စင်တီမီတာအောက်သို့ ရောက်ရှိနိုင်သောကြောင့် ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာရေးများ အထူးသတိပြုသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာကိုပြောသည်။

ဦးလှထွန်းက “ရေနည်းသတိပေးအမှတ် က ပြည်တွင်းရေကြောင်း သွားလာရေး အတွက် ရေစူးနည်းသွားတာ၊ ရေစူးတိမ်သွားတာ။ ရေစူးတိမ်သွားတာ ဆိုတာ သတ်မှတ်တဲ့ အန္တရာယ်ရှိတဲ့ အမှတ်ပါ။သောင်ထွန်းတာ တို့ သောင်တင် တာ တွေ ဖြစ်နိုင်တယ်။ ဒါကြောင့် မို့ လို့ ဒီ အန္တရာယ် ရှိနေပြီဆိုတဲ့ သတိပေးချက် ထုတ်ပြန်တာပါ’’ ဟုပြောသည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊(မြစ်ရေ) ဦးစီးအရာရှိ ဦးချစ်ထွေးထွန်း က “ ၂၀၁၉ ဒီဇင်ဘာ ၂၁ ရက် ကစတင်ပြီးရေနည်းစိုးရိမ်ရေမှတ် ကို စရောက်တာ။ မိုးနည်းနည်းရခဲ့လို့ အရင်နှစ်တွေ ထက် ပိုစောပြီး ရေနည်းမှတ်ရောက်တာ။ ဇန်နဝါရီလဆန်းမှာ မိုးရွာခဲ့လို့ ဇန်နဝါရီ ၉ ရက် နေ့  မှာ ရေနည်းအမှတ် အထက် ကို ရောက်တယ်။ ဒါပေမယ့် နောက် ၇ရက် နေရင် ရေနည်းသတိပေးမှတ် ကို ပြန်ရောက်ရှိနိုင်တယ်။ဒါကြောင့် သတိပေးချက် ထုတ်ပြန်တာပါ’’ ဟု ဆင်ဟွာကိုပြောသည်။

၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလ ၁၈ ရက် တွင်  ရေနည်း သတိ ပေးမှတ် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ရပြီး ယခု ၂၀၂၀ တွင်တော့ ရေခံနည်းသည့်အတွက် ရေနည်းသတိပေးမှတ်အားစောထုတ်ခဲ့ရကြောင်း ဦးချစ်ထွေးထွန်း ကဆိုသည်။

ယခုနှစ် သည် ရေနည်းမှု စောကြောင်း၊ မိုးကာလ တွင်  ဧရာဝတီမြစ်ထဲမှာ ရေဝင်ရောက်မှု နည်းခြင်းဖြစ်နိုင်သကဲ့သို့   အနည်အနှစ် ပို့ချတာတွေလည်းပါဝင်ကြောင်း သိရသည်။ 

“ရေဝင်နှုန်းနည်းတာရော သောင်ထွန်းတာများတားရောကြောင့် ရေနည်းတာလို့ ယူဆရပါတယ်’’ဟု ဦးလှထွန်း ကပြောသည်။

လာမည့် နွေရာသီတွင် အထက်ပိုင်းဒေသများ ၌ မိုးမရွာပါက ပိုမိုသတိထားရန် လိုအပ်ကြောင်း၊ ရေရှားပါးမှု များသာမက၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေယာဉ်သွားလာရေးများ အနေဖြင့် ပိုမိုသတိပြုရန်လိုအပ်ကြောင်း ဦးလှထွန်း ကဆိုသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117