Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ကြေညာရန် စောလွန်းကြောင်း WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်အား ဇန်နဝါရီလ ၂၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) တစ်ခုအဖြစ် ကြေညာရန် စောလွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။

“အရေးပေါ်ကော်မတီက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို PHEIC ဖြစ်နိုင် မဖြစ်နိုင်ကို ဇန်နဝါရီ ၂၂ ရက် က ဆွေးနွေးခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ အရေးပေါ်အခြေအနေတစ်ခုပါ။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေတော့ မဟုတ်သေးပါဘူး” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က အရေးပေါ်ကော်မတီ တံခါးပိတ်အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဝူဟန်နှင့် အခြားမြို့များတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအား ထိန်းချုပ်ရန် သင့်လျော်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ၎င်းဆောင်ရွက်မှုများအား အချိန်ကာလတစ်ခုအတွင်း ထိရောက် မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဟု WHO က မျှော်လင့်ကြောင်း တက်ဒရော့စ်က ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုအတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပိုးဆင့်ကဲဖြစ်စဉ်အား သီးသန့်ခွဲခြား၍ လျင်မြန်စွာ စီစဉ်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်းနှင့် ယင်းဗိုင်းရပ်စ်၏ မျိုးဗီဇဖြစ်စဉ်အချက်အလက်များအး WHO နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား မျှဝေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117