Connect with us

Social, Education & Health

ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် ဆေးရုံ၂၄ ရုံတွင် ကုသမှု ပေးသွားမည် 

တရုတ်နိုင်ငံ ဝူဟန်မြို့Zhongnan တက္ကသိုလ်ဆေးရုံ အထူးကြပ်မတ်ဆောင်၌ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေပုံကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်အဆိုးရွားဆုံးခံစားနေရသည့် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ အရေအတွက် တိုးပွားလာသော လူနာများအတွက် ဆေးရုံပေါင်း၂၄ ရုံတွင် ကုသမှုပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်း မြို့တော်ကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် အဖျားရောဂါ အခြေခံထားကုသရန် ဆေးရုံ နှစ်ရုံ နှင့် ဆေးခန်း ၆၁ ခုကို ဖွင့်လှစ်ထားကြောင်း ၊ ဝေဒနာရှင်များအတွက် ကုတင်ထောင်ချီ စီမံပေးနိုင်ရန် ဒေသတွင်းဆေးရုံ ၂၄ ရုံသို့ ပြောင်းရွှေ့ကုသမှုပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။ ပထမအသုတ်အနေဖြင့် ဆေးရုံ ၇ ရုံသို့ ပြောင်းရွှေ့ပေးနိုင်ရန်အတွက် ယင်းဆေးရုံများ၌ကူးစက်ရောဂါကာကွယ်ရေးအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်း နှင့် လူနာများအား စတင်လက်ခံရန် ရောဂါထိန်းချုပ်မှု အခြေအနေများကို ကြိုတင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကုသရေးဆေးရုံသစ် တည်ဆောက်ရေး လုပ်ငန်းခွင်အားတွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအသုတ်အနေဖြင့် ဆေးရုံ ၃ ရုံ နှင့် တတိယအသုတ်အနေဖြင့် ဆေးရုံ ၁၄ ရုံကို အသီးသီး ပြောင်းရွှေ့ကုသမှုပြုလုပ်သွားရန် စီစဉ်ထားသည်။ဟူပေပြည်နယ် ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာများအတွက် ဆေးရုံကုတင်ပေါင်း ၄,၀၀၀ ကျော် ရှိနေကြောင်း နှင့် ယခုလအကုန်တွင် နောက်ထပ် ကုတင်ပေါင်း ၆,၀၀၀ အထိ ထပ်မံရရှိလိမ့်မည်ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သော ဇန်နဝါရီ ၂၄ ရက်က ဟူပေပြည်နယ်အတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောဂါ ကူးစက်ခံရသူအသစ် ၁၈၀ ဦးရှိသည်ကို အတည်ပြုခဲ့ကြောင်း နှင့် အသစ် သေဆုံးသူ ၁၅ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီ ၂၅ ရက်တွင် ကြေညာခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117