Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် နွေဦးပွဲတော်အားလပ်ရက်ကို တိုးမြှင့်သတ်မှတ်

တရုတ်နိုင်ငံပေကျင်းမြို့ရှိ ရှေးဟောင်း နန်းတော်အဆောက်အဦ(တားမြစ်မြို့တော်) အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကို ထိန်းချုပ်ရန်ဆောင်ရွက်ချက်တစ်ခု အနေဖြင့် နွေဦးပွဲတော် နှစ်သစ်ကူးအားလပ်ရက်ကို ဖေဖော်ဝါရီ ၂ ရက်ထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ယနေ့ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်ကောင်စီရုံးမှ ထုတ်ပြန်သော ကြေညာချက်ထဲတွင် ယင်းသို့အားလပ်တိုးမြှင့်လိုက်ခြင်းမှာ လူအုပ်စုအလိုက်သွားလာမှုကို လျှော့ချရန် ၊ ရောဂါပြန့်နှံ့မှုကို တားဆီးရန် နှင့် တရုတ်ပြည်သူများ၏ လုံခြုံရေး နှင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းပေးရန် အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။တရုတ်နိုင်ငံ၌ နှစ်သစ်ကူး ရုံးပိတ်ရက်ကို ဇန်နဝါရီ ၂၄ ရက်မှစတင်ခဲ့ပြီး ၃၀ ရက်တွင် ပြီးဆုံးရန် မူလက သတ်မှတ်ထားသည်။နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းများ ၊ မူလတန်းနှင့်အလယ်တန်းကျောင်းများ နှင့် မူကြိုကျောင်းများ၏ ကျောင်းပိတ်ရက်ကို ရက်တိုးမြှင့်လိုက်ကြောင်း နှင့် ကျောင်းပြန်ဖွင့်မည့်ရက်ကို နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ ပြန်လည် မထုတ်မချင်း ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ရောဂါပြန့်နှံ့မှုကို ကာကွယ်တားဆီးရန် အလုပ်သမားများအနေဖြင့် နားရက်ယူခွင့်မရှိကြောင်း နှင့် အလုပ်သမားဉပဒေအရ နားရက်များကို ရွှေ့ဆိုင်းယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် နားရက်မယူခြင်းအတွက် ဆက်စပ်မူဝါဒအရ လုပ်အားခ နှင့် ဝန်ဆောင်ခများကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117