Connect with us

Social, Education & Health

တရုတ်နိုင်ငံက ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် ရန်ပုံငွေ ယွမ် သန်း ၃၀၀ ခွဲဝေသတ်မှတ်

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးကြိုးပမ်းမှုတွင် ကူညီရန် ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ ဝူဟန်သို့ ထွက်ခွာရန် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အဆင့်မြင့်စီးပွားရေးအစီအစဉ်က ဝူဟန်မြို့၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) တိုက်ဖျက်ရေးအတွက် ထောက်ပံ့ရန် ရန်ပုံငွေ ယွမ် သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်) ခွဲဝေသတ်မှတ်ထားကြောင်း သိရသည်။

 အဆိုပါ ရန်ပုံငွေအား ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသော လူနာများကို ဆေးကုသမှုပေးရန် ဆေးရုံနှစ်ရုံ တည်ဆောက်မှုအတွက် နိုင်ငံ၏ ဗဟိုရသုံးငွေစာရင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဌာနမှ ခွဲဝေချထားခြင်းဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်အရ သိရသည်။၎င်းရန်ပုံငွေများကို လူနာများအား ထောက်ပံ့ပေးရန် ဆေးရုံနှစ်ရုံအတွက် အရေးပါသော ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်များ ရရှိရေးအတွက် အဓိက အသုံးပြုသွားမည်ဖြစ်သည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117