Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ၌ ဘိန်း စိုက်ပျိုး ထုတ်လုပ်မှု ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်းကျော် ကျဆင်း 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူ အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၄ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ တရားမဝင် ဘိန်း စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ ကျဆင်းလာခဲ့ရာ ၂၀၁၉ ခုနှစ်၌ ၂၀၁၈ခုနှစ် ထက် ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲ စေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြောကြားခဲ့သည်။

“၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ ရှိခဲ့ရာက ၂၀၁၈ မှာ ဟက်တာ ၃၇၃၀၀ သို့လည်း ကောင်း၊ ၂၀၁၉ မှာ ဟက်တာ ၃၃၁၀၀ အထိ နှစ်အလိုက် ကျဆင်းခဲ့ပါတယ်၊ ဘိန်းစိုက်ပျိုးမှု လျော့ကျ ခဲ့သလို ဘိန်း ထုတ်လုပ်မှုကလည်း လျော့ကျခဲ့ပြီး ၂၀၁၇ခုနှစ် မှာ မက်ထရစ်တန် ၅၅၀၊ ၂၀၁၈ခုနှစ် မှာ မက် ထရစ် တန် ၅၂၀ နှင့် ၂၀၁၉ မှာ မက်ထရစ်တန် ၅၀၈ အထိ ကျဆင်းခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့ သည်။

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် ဒုတိယ အဆင့် ရှိခဲ့ရာမှ ယခုကာလတွင် တတိယ အဆင့်သို့ ရောက်ရှိသွားပြီးဖြစ်သည်ကို မြန်မာပြည်သူများအား အသိပေးလိုကြောင်း၊ မြန်မာနိုင်ငံ မူးယစ် ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ ရုံး (UNODC:_ United Nations Office on Drugs and Crime) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု စစ်တမ်း နှင့် ဘိန်းစိုက်ပျိုးရာဒေသရှိ ပြည်သူများ၏ လူမှု စီးပွား စစ်တမ်း ကောက်ယူခြင်းကို ၂၀၀၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာသည် ၂၀၁၉ ခုနှစ်အတွက် စစ်တမ်း ကောက်ယူခြင်း ရလဒ်ပင် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်း ပပျောက်ပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ မူးယစ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိ အစားထိုး ဖွံ့ဖြိုးမှု အကောင်အထည်  ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့က ဘိန်းစိုက်ပျိုးရာ ဒေသအတွင်း လမ်းတံတား တည်ဆောက်ရေး လုပ်ငန်း၊ ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများ၊ ရေနှင့် စွမ်းအင် ရရှိရေး လုပ်ငန်း များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံ တည်ဆောက်ပေးခြင်း လုပ်ငန်းများကို နှစ်အလိုက် ဘဏ္ဍာငွေ အမြောက်အမြား အကုန်အကျခံပြီး ဆောင် ရွက်ပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း မြို့နယ် နောင်တရား ဒေသတွင်လည်း အစားထိုး ဖွံ့ဖြိုးရေး အထူးစီမံကိန်း Pilot Project အဖြစ် သတ်မှတ်ပြီး နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက် ပေး လျက် ရှိပါကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

နေပြည်တော် Horizon Lake View Resort Hotel တွင် ယနေ့ ပြုလုပ်သော အဆိုပါ အခမ်းအနား သို့ မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲ စေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူ နှင့်အတူ ဒုတိယ ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ကုလ သမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှု ဆိုင်ရာရုံး (UNODC) မှ ကိုယ်စား လှယ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြ သည်။။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117