Connect with us

International Organizations

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် က ဝူဟန့် ပြည်သူလူထု တို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အပေါ် ကြိုးပမ်းအားထုတ်မှု အား ကျေးဇူးတင်ကြောင်း ပြောကြား

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) က တရုတ် နိုင်ငံ ဝူဟန့် မြို့ ပြည်သူလူထု တို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်၍ လုပ်ဆောင်မှုများ အားလုံး အပေါ် ကျေးဇူးတင်ကြောင်း နှင့် ဝူဟန့် မြို့ ပြည်သူလူထု တို့ ၏ စည်းလုံးညီညွတ်သည့် စိတ်ဓာတ် က နောက်ဆုံး တွင် ရောဂါပိုး အား တိုက်ဖျက်၍ အနိုင်ရရှိမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက် တွင် ဂျီနီဗာ မြို့ ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

တက်ဒရော့စ် က ကပ်ရောဂါ တိုက်ဖျက်သည့် လုပ်ငန်းစဉ် အတွင်း ဝူဟန့် ပြည်သူလူထု နှင့် ဟူပေ ပြည်သူလူထု တို့ က များစွာ ပေးဆပ် ခဲ့ကြကြောင်း ၊ ၎င်း တို့ ၏ ပူးပေါင်းဆောင်ရွက်မှု အပေါ် မိမိ အနေဖြင့် လွန်စွာ ကျေးဇူးတင်ပြီး ၎င်းတို့ က တရုတ် နိုင်ငံ ပြည်သူလူထု များ သာမက ကမ္ဘာ့ ဒေသ အသီးသီး ရှိ ပြည်သူလူထု များ အား ကာကွယ်ပေးနေခြင်း ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် ဝူဟန့် ပြည်သူလူထု များ အား ကိုယ်တိုင် လာရောက်ကြည့်ရှုမည် ဖြစ်ကြောင်း အာမခံ ပြီး သွားရောက်သည့် နေ့ အမြန်ဆုံး ရောက်ရှိရန် မျှော်လင့်ကြောင်း ၊ မိမိ အနေဖြင့် ဝူဟန့် ပြည်သူလူထု များ နှင့် အတူတကွ ရှိကြောင်း ခံစားရပြီး ၎င်း တို့ နှင့် စိတ်နှလုံးချင်း ချိတ်ဆက်နေပြီး အတူတကွ ကပ်ရောဂါ တိုက်ဖျက် နေသည် ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် က ဖေဖော်ဝါရီ ၁၁ ရက် နှင့် ၁၂ ရက် တွင် ဂျီနီဗာ မြို့ ၌ ကမ္ဘာလုံးဆိုင်ရာ ပညာရှင်များ အစည်းအဝေး ကျင်းပ သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပြီး နိုင်ငံတကာ သုတေသန အင်အားစု များ ကို ညှိနှိုင်းကာ ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရန် အဓိက သုတေသန ဦးတည်ချက် အား အတည်ပြု ပြီး ရောဂါ ကုသမှု နည်းလမ်း နှင့် ထိရောက် သည့် ကာကွယ်ဆေး များကို အမြန်ဆုံး  ရှာဖွေ ဖော်ထုတ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117