Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် တရုတ် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများအား ကမ္ဘာက ကျေးဇူးတင်ကြောင်း WHO အကြီးအကဲ ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အထူးသဖြင့် ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာများအား မည်သို့ အကောင်းဆုံးကုသမည်နှင့် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို မည်သို့ကာကွယ်မည်ကို ရှာဖွေရန် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကမ္ဘာက ကျေးဇူးတင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားလိုက်သည်။

“လူနာတွေကိုစောင့်ရှောက်ခြင်းနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှုအတွက် ၂၀၁၉ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက် စုဆောင်းခြင်းတွေကို လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံက အထူးသဖြင့် ဟူပေပြည်နယ်က ကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာကို ကျွန်တော် လေးစားမိပါတယ်” ဟု ဒေါက်တာ တက်ဒရော့စ်က တွစ်တာပေါ်၌ ရေးသားထားသည်။

“လူနာတွေကို ဘယ်လို အကောင်းဆုံးကုသမှုပေးမယ်၊ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဘယ်လို အကောင်းဆုံး ကာကွယ်မလဲဆိုတာကို ရှာဖွေနေကြတဲ့ သင်တို့ရဲ့ အားထုတ်မှုတွေကို ကမ္ဘာက ကျေးဇူးတင်နေပါတယ်” ဟူ ၎င်းက ဆိုသည်။

နိုင်ငံများစွာမှ ဆေးဝါးနှင့် သိပ္ပံနယ်ပယ် ကျွမ်းကျင်သူများကလည်း နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်တိုက်ဖျက်ရေးလုပ်ငန်းများအတွက်  အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကာ လုပ်ဆောင်နေကြကြောင်း တက်ဒရော့စ်က မီးမောင်းထိုးပြခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117