Connect with us

ASEAN

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoiတွေ့ဆုံဆွေးနွေး 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီဌာန ဝန်ကြီး ဝမ်ရိ သည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi နှင့်တွေ့ဆုံ (Xinhua)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi နှင့် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်း က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် တွေ့ဆုံ၍ နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှုပြုလုပ် ခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံစဉ် ဝမ်ရိက  ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပမည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများပူးပေါင်းကာ နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ဆန့်ကျင်တိုက်ဖျက်ရေး အတွက် ပူးပေါင်းလက္ခဏာ ရလဒ်တစ်ခု ရရှိလာမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံနှင့် အာဆီယံ ဆက်ဆံရေးလည်း ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဆိုသည်။

လူထုကျန်းမာရေးသည် နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် ဘုံအရေးကိစ္စ တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ တရုတ်-အာဆီယံ ဆက်ဆံရေးကို စာမျက်နှာသစ် တစ်ခု အဖြစ်ဖွင့်လှစ်လိုပါကြောင်း ဝမ်ရိက ဆိုသည်။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအနေဖြင့် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံတို့အကြား ခိုင်မြဲသည့်ချစ်ကြည်ရေး လမ်းကြောင်းပေါ်တွင်လျှောက်လှမ်းရာ၌ ဦးဆောင်ဦးရွက်ပြုကာ ပူးပေါင်းဆောင်ရွက် ပေးစေရန်နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အား သတ်မှတ်ထားသည့်အတိုင်း သဘောတူ လက်မှတ်ရေးထိုးပေးရန် တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံကမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim ကလည်း တရုတ်နိုင်ငံ သည် အာဆီယံနိုင်ငံများအတွက် အရေးပါသည့် မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးနိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံတွင်  နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီး ကျရောက်ချိန်၌လည်း အာဆီယံအနေဖြင့် အာဆီယံ-တရုတ် (10+1) နှင့် အာဆီယံ – တရုတ်- ဂျပန်- တောင်ကိုရီးယား (10+3)  မူဘောင်များတွင် တရုတ်နိုင်ငံနှင့် ကျန်းမာရေးလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မြဲစေရန်  ဆောင်ရွက်သွားလိုပါကြောင်းပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်နိုင်ငံ – အာဆီယံဆွေးနွေးဖက်နိုင်ငံ ဆက်ဆံရေးထူထောင်သည့်နှစ် ၃၀ ပြည့်မြောက်မည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အနေဖြင့်လည်း တရုတ်နိုင်ငံ က ဦးဆောင်အကောင်အထည်ဖော်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့် ၂၀၂၅ ခုနှစ် အာဆီယံနှင့်ချိတ်ဆက်ဆံရေး မဟာ စီမံကိန်းတို့တွင် အားတက်သရောပါဝင်ဆောင်ရွက်သွားလိုပါကြောင်း Lim က ဆိုသည်။တရုတ်နိုင်ငံနိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ရန် ဖိလစ်ပိုင်နိုင်ငံနှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117