Connect with us

Social, Education & Health

တရုတ်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်မှ ဂျပန်နှင့်အီတလီ နိုင်ငံများသို့ ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ပေးပို့လှူဒါန်း 

တရုတ်နိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော အလီဘာဘာအုပ်စု နှစ် ၂၀ ပြည့်အခမ်းအနား၌ ဂျပ်မားအား တွေ့ရစဉ်(ဆင်ဟွာ)

ဟန်ကျိုး ၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ် အခြေစိုက် ကုမ္ပဏီများသည် အခြားနိုင်ငံများ၌ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဆန့်ကျင်တိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် အကာအကွယ်ပစ္စည်းများ လှူဒါန်းရေး အတွက် လိုက်လံ စည်းရုံးခဲ့ကြောင်း သိရသည်။

ဂျက်မား ဖောင်ဒေးရှင်း နှင့် အလီဘာဘာ ဖောင်ဒေးရှင်းတို့က အလှူခံ ပစ္စည်းများ လိုက်လံ ကောက်ခံရန် နှင့် ဂျပန်နိုင်ငံသို့ နှာခေါင်းစည်း အခုရေ ၁ သန်း လှူဒါန်းသွားရန် မတ် ၂ ရက်တွင် ကြေညာခဲ့သည်။ အလီဘာဘာအုပ်စု တည်ထောင်သူ ဂျက်မားက Weibo လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြောကြားရာတွင် တရုတ်နိုင်ငံက အခက်အခဲကြုံတွေ့စဉ်က ဂျပန်မိတ်ဆွေများသည် ကူညီမှုပြုလုပ်ပေးခဲ့ကြောင်း နှင့် ယခုအခါ တရုတ်နိုင်ငံက တစ်လှည့်ပြန်လည်ကူညီပေးရမည့် အချိန်သို့ရောက်ရှိလာကြောင်း ဆိုသည်။

ပြီးခဲ့သော ရက် ၂၀ ကျော်က ဂျပန်နိုင်ငံရှိ အဖွဲ့အစည်း အသီးသီးသည် တရုတ်နိုင်ငံတစ်ဝှမ်းရှိ မြို့များသို့ ရောဂါကာကွယ်ရေးဝတ်စုံ ၁၂၅,၀၀၀ ကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ ဝင်းကျိုးမြို့သည် ပြည်ပရောက် တရုတ်လူမျိုး ထောင်ပေါင်းများစွာ၏ မွေးရပ်မြေ ဖြစ်သည်။ ယင်းမြို့ရှိ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ နှင့် လူငယ်များက ဦးဆောင်ဦးရွက်ပြု၍ အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် ရန်ပုံငွေ ရှာရန် အွန်လိုင်းမှ အလှူခံခြင်းကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သော တရုတ်ယွမ်ငွေ ၂၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၂၈,၆၉၀ ခန့်) တန်ဖိုးရှိ အကာအကွယ်မျက်မှန် အစုံ ၂,၆၀၀၀ ကို မတ် ၁ ရက်တွင် ဝင်းကျိုးမြို့ မှန်လုပ်ငန်းရှင်များအသင်းမှ ထောက်ပံ့လှူဒါန်းခဲ့ပြီး ယင်းအသုံးအဆောင်များကို အီတလီနိုင်ငံ တူရင်းမြို့သို့ လေယာဉ်တစ်စင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117