Connect with us

Education & Health

သင်္ကြန်မဏ္ဍပ်ကြီးများ နှင့် ရုပ်ရှင်ရုံများအပါအဝင် လူစည်ကားသော ပွဲလမ်းသဘင် လူစုလူဝေး အခမ်းအနား အစည်းအဝေးများ ဧပြီလကုန်အထိ မကျင်းပရန် ဆုံးဖြတ်ခဲ့ဟုဆို 

COVID-19 ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ အရေးပေါ်အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) 

သင်္ကြန်မဏ္ဍပ်ကြီးများ နှင့် ရုပ်ရှင်ရုံများအပါအဝင် လူစည်ကားသည့် ပွဲလမ်းသဘင် လူစုလူဝေး အခမ်းအနား အစည်းအဝေးများ ဧပြီလကုန်အထိ မကျင်းပရန် ယ​နေ့ ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းထံမှ သိရသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ 2019 Novel Coronavirus (COVID-19)ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ အရေးပေါ်အစည်းအဝေးတစ်ခုကို ယနေ့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လှထွန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ 

ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက “မနက်ဖြန်ကစပြီး ဧပြီလကုန်အထိကာလအတွင်း တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ထိရောက်အောင် ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားကြဖို့၊ အများပြည်သူကို ကျန်းမာရေးအသိနဲ့ သတိထားနေထိုင်ဖို့ ပညာပေးပန်ကြားဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ “ဟု ဆိုသည်။

အသေးစိတ်ကို သက်ဆိုင်ရာဌာနများက တရားဝင် ကြေညာလိမ့်မည် ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင် ဆက်စပ်ဖြစ်ပေါ်လာမည့် စီးပွားရေး လူမှုရေးပြသနာများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကိုလည်း အဆိုပါ အစည်းအဝေးတွင် ဆွေးနွေး တိုင်ပင်ခဲ့ကြကြောင်းလည်း ၎င်းက ထည့်သွင်း ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းအတု ၊ သတင်းအမှား ၊ ကောလာဟလများကိုမယုံကြည်ကြရန် ၊ ထုတ်လွှင့်သူများကိုလည်း ဖော်ထု တ်ဟန့်တား ပေးကြရန် မေတ္တာရပ်ခံခဲ့ပြီး သက်ဆိုင်ရာမှလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ရေးသားထားသည်။ 

ယခုအချိန်ထိ ဗိုင်းရပ်ကူးစက်ခံရသည့် လူနာမတွေ့ရသေးကြောင်း ၊ တွေ့ရှိပါကလည်း ချက်ချင်း အသိပေးထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၊ လူစုလူဝေးထူထပ်သည့် နေရာများ ၊ အခမ်းအနားများကိုတတ်နိုင်သလောက်ရှောင်ကြဉ်ကြရန် တိုက်တွန်းပေးကြပါဟုလည်း ၎င်းက ရေးသားထားသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117