Connect with us

WORLD

သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံတစ်ဝန်း သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့် ထုတ်ပြန်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ရထားဘူတာရုံ၌ ရထားစီးရန် စောင့်ဆိုင်းနေသူများအား မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက နိုင်ငံတစ်ဝန်း မတ် ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ အချိန်မှ စတင်၍ မတ် ၂၃ ရက် နံနက် ၆ နာရီအချိန်တွင် ပြီးဆုံးမည့် သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်အား ကြေညာခဲ့ကြောင်း သိရသည်။

ယင်းကြေညာချက်တွင် သမ္မတရုံးက သီရိလင်္ကာနိုင်ငံသားများအားလုံး အမိန့်ကို လိုက်နာကြရန် နှင့် နေအိမ်အတွင်း၌ နေထိုင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က လူတိုင်း နေအိမ်၌ နေထိုင်ရန် တိုက်တွန်းသည့် ကြိုးပမ်း ဆောင်ရွက် ချက် အနေဖြင့် မတ် ၂၀ ရက်မှ စတင်၍ ရက်သတ္တပတ်အကြာ နေအိမ်မှ အလုပ်လုပ်ကြရန် စည်းမျဉ်းတစ်ခုကို မတ် ၁၉ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ 

အစိုးရ အရာရှိများက အဆိုပါ စည်းမျဉ်းမှာ မတ် ၂၇ ရက်အထိ ဆက်လက် ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။  

သီရိလင်္ကာနိုင်ငံ၌ လတ်တလောတွင် COVID-19 ရောဂါ ဖြစ်ပွားသူ အတည်ပြုလူနာ ၅၉ ဦး ရှိပြီး နိုင်ငံတစ်ဝန်းရှိ သတ်မှတ်ထားသည့် ဆေးရုံများ၌ လူနာ ၂၃၀ ကျော်မှာ စောင့်ကြပ်ကြည့်ရှုမှု ခံနေရကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117