Connect with us

Politics, Law & Military

အနာဂတ်တွင် ဒေသတွင်း ၊ ကမ္ဘာ့နိုင်ငံ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား 

၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တပ်မတော်နေ့ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)

အနာဂတ်တွင် ဒေသတွင်း ၊ ကမ္ဘာ့နိုင်ငံ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မတ် ၂၇ ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ကာလအပိုင်းအခြားများကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ပိုင်းခြားရာတွင် တပ်မတော်သည် အတိတ်ကာလဖြစ်သော ၇၅ နှစ်တာကာလတစ်လျှောက်လုံး နိုင်ငံနှင့်ပြည်သူအပေါ် သစ္စာစောင့်သိ ရိုသေလျက် လွတ်လပ်ရေးရရှိရန်၊ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန် ရင်ကို မြေကတုတ်လုပ်ကာ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့ကြောင်း ၊ ပစ္စုပ္ပန်ကာလတွင်လည်း ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မြဲမြဲ မယိုင်လဲစေရန်နှင့် နိုင်ငံ၏အဓိက လိုအပ်ချက်ဖြစ်သော နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးတို့အတွက် မည်သို့သောအခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ တိုင်းပြည်၏မျက်နှာ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်ကိုသာရှေးရှု၍ ကာကွယ်ရေးတာဝန်၊ သမိုင်းပေးတာဝန်များကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

တပ်မတော်သည် စိန်ရတုကာလသက်တမ်းအား လွယ်လွယ်ကျော်ဖြတ်ခဲ့ရခြင်း မဟုတ်ဘဲ ခယောင်းလမ်းခရီးကြမ်းကြီးကို အသက်၊ ခန္ဓာ၊ သွေး၊ ချွေး များစွာဖြင့် ပေးဆပ်၍ ကျော်ဖြတ် ခဲ့ရခြင်းဖြစ်ကြောင်း ၊ ပေးဆပ်မှုအားလုံး၊ ပေးဆပ်သူများအားလုံး၏ တစ်ခုတည်းသောရည်မှန်းချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့သာဖြစ်ကြောင်း ၊ ထိုသို့ ပေးဆပ်ရဲကြသော တပ်မတော်သားတို့၏ ခံယူချက်မှာ သစ္စာဓိဋ္ဌာန်လေးချက်ပင် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

တပ်မတော်၏ သမိုင်းကြောင်းတစ်လျှောက် ကောင်းမြတ်သော အစဉ်အလာကောင်းများကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ သားစဉ်မြေးမြစ် မျိုးဆက်သစ်များက အသက်နှင့်ထပ်တူ ထိန်းသိမ်း စောင့်ရှောက်သွားမည် ၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်နယ်နိမိတ်များကို တစ်လက်မမျှ အထိမခံ၊ နိုင်ငံသူ၊ နိုင်ငံသား မိဘပြည်သူများအားလုံးရှေ့မှ အဓိဋ္ဌာန်ပြုလျက် မားမားမတ်မတ်ရပ်တည်ကာ ကမ္ဘာတည်သရွေ့ မြန်မာတည်စေရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ 

လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်တို့က ခေတ်မီစစ်အတတ် ပညာများကို စွန့်လွှတ်စွန့်စား အပင်ပန်းအဆင်းရဲခံ သင်ယူကာ ပြည်သူများနှင့်အတူ လက်တွဲ၍ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကြီး စတင်ဆင်နွှဲနိုင်ခဲ့ပြီး လွတ်လပ်ရေးရရှိသည်အထိ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ထိုနေ့ကို “တော်လှန်ရေးနေ့ ” အဖြစ် ဦးစွာသတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှစ၍ “တပ်မတော်နေ့”  အဖြစ် အဓိပ္ပာယ်လေးနက်စွာ ပြောင်းလဲသတ်မှတ်ခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် (၇၅) နှစ်မြောက် စိန်ရတုတိုင်အောင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117