Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်ရှိ ပြီဟု Johns Hopkins တက္ကသိုလ်ဆို 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် ယာယီဆေးရုံတည်ဆောက်နေမှုများအား မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ 

လက်ရှိတွင် အမေရိကန် နိုင်ငံသည်  တစ်ကမ္ဘာလုံးအတိုင်းအတာတွင် COVID-19 ရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံဖြစ်နေကြောင်း သိရသည်။

 အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် ယာယီဆေးရုံတည်ဆောက်နေမှုများအား မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် ယာယီဆေးရုံတည်ဆောက်နေမှုများအား မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မတ် ၃၁ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၂၀:၀၀နာရီ အချိန်အထိ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ နိုင်ငံအတွင်း COVID-19 ရောဂါအတည်ပြုလူနာသည် ၁၈၈,၁၇၂ ဦး ၊သေဆုံးသူ ၃,၈၇၃ ဦး အထိ တိုးမြင့်လာရာ  ၎င်းတို့အနက် အများစုမှာ နယူးယောက်ပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ ၈ သိန်း ၅ သောင်းကျော် ၊ သေဆုံးသူ ၄ သောင်းကျော် ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ကိန်းဂဏန်းများအရ သိရသည်။

အဆိုပါကိန်းဂဏန်းများသည် Johns Hopkins တက္ကသိုလ် COVID-19 ရောဂါသုတေသနစီမံကိန်းမှ အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီး၏ ရောဂါဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာများအပေါ် ပေးပို့လာသော ကိန်းဂဏန်းများအား တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)