Connect with us

WORLD

အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုဒ်စဗဲ့ပေါ်တွင် COVID-19 ကူးစက်ခံရသူ ၅၅၀ ဦးထိရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမေရိကန် USS သီအိုဒိုရုဒ်စဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် USS သီအိုဒိုရုဒ်စဗဲ့ပေါ်တွင် လိုက်ပါလာသော ရေတပ်သားများထဲတွင် COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက် ၅၅၀ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန်ရေတပ်က ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းသင်္ဘောပေါ်တွင် လိုက်ပါလာသော သင်္ဘောအမှုထမ်းများအနက် ၅၅၀ ဦးသည် Positive နှင့် ၃,၆၇၃ ဦးသည် Negative အဖြေများ စစ်ဆေးတွေ့ရှိခဲ့ခြင်းနှင့်အတူ COVID-19  ကူးစက်ခံရမှု ၉၂ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း နှင့် သင်္ဘောသားစုစုပေါင်း ၃,၆၉၆ ဦးစလုံးကို ကမ်းပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမေရိကန် USS သီအိုဒိုရုဒ်စဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပတ်တွင် အဆိုပါလေယာဉ်တင် သင်္ဘော၏ အကြီးအမှူး ရေတပ်ဗိုလ်မှူးကြီး Brett Crozier သည် သင်္ဘောပေါ်၌ COVID-19 ကူးစက်မှုရှိနေကြောင်း သတိပေးချက်ထုတ်ပြန်စဉ်က ကူးစက်ခံရသူအရေအတွက်မှာ ဒါဇင်အနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါ အထက်ဖော်ပြပါ ကိန်းဂဏန်းအထိ မြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အမေရိကန် USS သီအိုဒိုရုဒ်စဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

Crozier သည် ကူးစက်မှုနှင့်ပတ်သက်သော အစီရင်ခံစာကို ထိုစဉ်က ယာယီရေတပ်ဝန်ကြီးဖြစ်သည့် Thomas Modly ထံပေးပို့ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ၎င်းအားရာထူးမှ ထုတ်ပယ်ခဲ့သည့် ယာယီဝန်ကြီး Modly ကိုယ်တိုင် ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က ထုတ်ပယ်ခံရသော သင်္ဘောအကြီးအမှူး Crozier အား အလုပ်ပြန်ခန့်ခြင်းမခန့်ခြင်းအတွက် ပြီးပြည့်စုံသော စမ်းဆေးမှုများ ပြုလုပ်မှု မပြီးမချင်း ဆုံးဖြတ်ချက် ချသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။အမေရိကန်ရေတပ်တွင် ကူးစက်ခံရသူ ၉၄၅ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိကြောင်း ဧပြီ ၁၁ ရက် နောက်ဆုံးထုတ်ပြန်ချက် အရသိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117