Connect with us

ASEAN

အိန္ဒိယ နိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူ ၅၄၃ ဦးထိ မြင့်တက် ၊ အတည်ပြုလူနာ စုစုပေါင်း ၁၇,၂၆၅ ဦးထိရှိလာ

အိန္ဒိယ နိုင်ငံရှိ လမ်းများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေမှုအား ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) 

အိန္ဒိယ နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ၅၄၃ ဦးထိ မြင့်တက်လာခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း အရေအတွက်မှာ ၁၇,၂၆၅ ဦးထိ ရှိလာခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဖက်ဒရယ် ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ 

ဧပြီ ၁၉ ရက် ညနေပိုင်းမှစတင်ကာ ယခုအချိန်အထိ သေဆုံးသူ ၂၄ ဦး နှင့် ရောဂါ အတည်ပြု လူနာ ၁,၁၄၉ ဦး ထပ်တိုးလာခဲ့ကြောင်း သိရသည်။ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်မှုများအရ အိန္ဒိယနိုင်ငံ၌ ယခုအချိန်ထိ ဆေးရုံမှ ဆင်းခွင့်ရသော ရောဂါပြန်လည်သက်သာကောင်းမွန်သူ ၂,၅၄၇ ဦး ရှိကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယ နိုင်ငံ၌ ရောဂါ ဖြစ်ပွားနေဆဲ လူနာ ၁၄,၁၇၅ ဦး ရှိနေသည်။ ကပ်ရောဂါ ထိန်းချုပ်ရန် အိန္ဒိယအစိုးရမှ ပြည်သူများအား နိုင်ငံတစ်ဝှမ်း ကန့်သတ်သွားလာမှု lockdown ၂၇ ရက် ချထားခြင်း အစီအစဉ်သည်  ယနေ့ ဧပြီ ၂၀ ရက်တွင် သတ်မှတ်ရက် ပြည့်သွားပြီဖြစ်သည်။

မတ် ၂၅ ရက်မှ စတင်ချမှတ်ထားခဲ့သော အဆိုပါ lockdown အစီအစဉ်ကို မေ ၃ ရက် အထိ ထပ်မံ တိုးမြှင့် လိုက်ပြီဖြစ်ကြောင်း သိရသည်။အိန္ဒိယဗဟိုအစိုးရက စီးပွားရေး လုပ်ငန်း တစ်ချို့အား ပြန်လည်လုပ်ကိုင်နိုင်ရန် လမ်းညွှန်ချက်များ ထုတ်ပြန်၍ ခွင့်ပြုပေးခဲ့သော်လည်း ပန်ဂျပ် ၊ Telangana နှင့် ဒေလီ ပြည်နယ်အစိုးရတို့က lockdown ကန့်သတ်ချက်အား ပယ်ဖျက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Lockdown ကန့်သတ်ချက်အပေါ် ဒေလီ နှင့် ပန်ဂျပ် ပြည်နယ် အစိုးရများ က မေ ၃ ရက်အထိ ဆက်လက်ထားရှိသွားမည်ဟု ပြောကြားခဲ့ပြီး Telangana ပြည်နယ် အစိုးရကမူ မေ ၇ ရက်အထိ  lockdown အစီအစဉ်အား ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117