Connect with us

CHINA

COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး WHO ၏ ပူးတွဲဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက ချိတ်ဆက်လုပ်ဆောင်ရန် ဆုံးဖြတ်ထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးချုပ်အဆောက်အအုံ အပြင်ဘက်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားသော နိုင်ငံတကာပူးတွဲဆောင်ရွက်မှုတွင် ချိတ်ဆက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်၌ ပြောကြားခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က ကာကွယ်ဆေး တိုးတက်မှု၊ ထုတ်လုပ်မှုနှင့် မျှတစွာ ဖြန့်ဖြူးမှုများ၊ COVID-19 ရောဂါဆိုင်ရာ ရောဂါရှာဖွေမှုများနှင့် ရောဂါကုသမှုများတွင် အရှိန်မြှင့်လုပ်ဆောင်ရန် နိုင်ငံတကာ ပူးတွဲဆောင်ရွက်မှုတစ်ခုကို ဧပြီ ၂၄ ရက်က ကြေညာခဲ့သည်။ 

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် WHO ၏ ဦးဆောင်အခန်းကဏ္ဍကို ထောက်ခံသွားမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါဆိုင်ရာ ကာကွယ်ဆေး တိုးတက်မှု၊ ထုတ်လုပ်မှုနှင့် မျှတစွာ ဖြန့်ဖြူးမှုများ၊ ရောဂါရှာဖွေမှုများနှင့် ရောဂါကုသမှုများတွင် အရှိန်မြှင့်တင်ရေး ကမာ္ဘလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းနှင့် အဆိုပါ ဆောင်ရွက်မှုတွင် ပါဝင်ရန် ဆုံးဖြတ်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ဟူသည် နယ်စည်းများထားရှိခြင်း မရှိကြောင်းနှင့် နိုင်ငံတိုင်းမှ ပြည်သူများအနေဖြင့် ကာကွယ်ဆေးနှင့် ဆေးဝါးများကို အညီအမျှရရှိသင့်ကြောင်း ၎င်းက ပြောခဲ့သည်။

“ဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအနေနဲ့ COVID-19 ရောဂါဆိုင်ရာ မျိုးရိုးဗီဇအချက်အလက်ကို အခြားနိုင်ငံများနဲ့ ချက်ချင်းဝေမျှပေးခဲ့တယ်။ ပြီးတော့ အချက်အလက်တွေ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ရလဒ်တွေအတွက် မျှဝေရေးပလက်ဖောင်းတစ်ခု တည်ဆောက်ပြီး ဆေးဝါးနဲ့ ကာကွယ်ဆေး သုတေသနနဲ့ တိုးတက်မှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်” ဟု ဟွာက ပြောခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117