Connect with us

CHINA

အမေရိကန် နိုင်ငံ တွင် ကပ်ရောဂါ အား အမြန်ဆုံး တိုက်ဖျက်နိုင်ရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ က ကပ်ရောဂါ အား အမြန်ဆုံးတိုက်ဖျက်နိုင်ရန် မျှော်လင့်ပြီး တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထု အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူလူထု ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့မှုများ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မေလ ၇ ရက် ၌ ပြောကြား ခဲ့သည်။

ဟွာချွန်းရင် က သတင်းစာရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ အနေဖြင့် မတ်လ ၁ ရက် မှ မေလ ၅ ရက် အထိ အမေရိကန် နိုင်ငံ သို့ နှာခေါင်းစည်း အခုရေပေါင်း ၆.၆ ဘီလီယံ ၊ ခွဲစိတ်ခန်းသုံး လက်အိတ် အခုရေ အစုံပေါင်း ၃၄၄ သန်း ၊ ကာကွယ်ရေးဝတ်စုံပေါင်း ၄၄.၀၉ သန်း ၊ မျက်စိကာကွယ်ရေး ဝတ်စုံ ပေါင်း ၆.၇ သန်း နှင့် အသက်ရှူစက်ပေါင်း ၇,၅၀၀ တို့ကို တင်ပို့ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနေဖြင့်လည်း အမေရိကန် နိုင်ငံ သို့ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း ၆,၀၀၀ ၊ ဆေးဘက်ဆိုင်ရာသုံးလက်အိတ် ၄,၀၀၀ စသည့် ကပ်ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း ဟွာချွန်းရင်  က ပြောကြား ခဲ့သည်။  (Xinhua)