Connect with us

CHINA

မိုက်ပွမ်ပီယို၏ ဗိုင်းရပ်စ်ဇစ်မြစ် သက်သေရှိပြီဆိုသည့်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်ပြောကြား 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်အား မေ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ မေ ၇ ရက်(ဆင်ဟွာ)

မိုက်ပွမ်ပီယို၏ ဗိုင်းရပ်စ်ဇစ်မြစ် သက်သေရှိပြီဆိုသည့်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က အာရုံလွှဲအပုတ်ချဇာတ်ညွှန်းသည် ဇာတ်သိမ်းအထိပေါ်လွှင်နေပြီ ဖြစ်ရာ ဇာတ်ညွှန်းအတိုင်း ဆက်၍သရုပ်ဆောင်နေခြင်းမှာ အဓိပ္ပါယ်ရှိမည်မဟုတ်ကြောင်း မေ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် The Wall Street Journal သတင်းထောက်က “အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဗိုင်းရပ်စ်ဇစ်မြစ် ဝူဟန့်ဓါတ်ခွဲခန်းမှလာခြင်းဖြစ်တဲ့ သက်သေ အထောက်အထားတွေရှိပြီလို့ ဆိုတဲ့အပေါ် တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုတုံ့ပြန်ပြောကြား လိုပါသလဲ”ဟု မေးမြန်းခဲ့ရာ ဟွာချွန်းရင်က အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“မစ္စတာ မိုက်ပွမ်ပီယိုအနေနဲ့ သက်သေအထောက်အထားတွေရှိပြီဆိုရင် ထုတ်ပြပါ။ ကျွန်မတို့ ကြည့်ရတဲ့သတင်းတွေကတော့ WHO သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ အမေရိကန်အနေနဲ့ ယနေ့အထိ WHOမှာ မည်သည့်သက်သေအထောက်အထားမှ ထုတ်ပြခြင်းမရှိသေးဘူးဆိုတာပါပဲ။ နောက်ဆုံးရသတင်းတွေအရ ‘သက်သေရှိတယ်’ဆိုတဲ့ ပြောကြားချက်အပေါ် အမေရိကန်အဆင့်မြင့်အရာရှိတွေက လေသံပြောင်းနေပြန်ပါပြီ ”ဟု ၎င်းက ဆိုသည်။

ဗိုင်းရပ်စ်ဇစ်မြစ်သည် အလွန်ရှုပ်ထွေး၍ မှတ်ချက်အမျိုးမျိုးရှိသော်လည်း နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့်တူညီထားကြသော သဘောထားအမြင်သည် ၎င်းမှာ အလွန်တရာလေးနက်သည့် သိပံ္ပရေးရာဖြစ်ပြီး လက်တွေ့နှင့်သိပံ္ပကို အထောက်အထားပြု၍ သိပံ္ပပညာရှင်၊ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက သုတေသနပြုရမည်ဖြစ်သည်ဟု ယူဆကြကြောင်း ၊ လက်ရှိ အမေရိကန်နိုင်ငံ၏ နာမည်ကျော် သိပံ္ပပညာရှင် ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအပါအဝင် ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်အားလုံးနီးပါးက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝမှလာခြင်းဖြစ်ပြီး လူလုပ်ခြင်း မဟုတ်ကြောင်းနှင့် ဓါတ်ခွဲခန်းမှလာသည်ဆိုသည့် မည်သည့် သက်သေအထောက်အထားမျှ မရှိဟု ယူဆထားကြပြီးဖြစ်ကြောင်း ဟွာချွန်းရင်က ပြောကြားခဲ့သည်။  

“ကျွန်မ အခုရက်ပိုင်းတွေမှာ ကနဦးအစောဆုံးရောဂါကူးစက်ခံရတဲ့ သတင်းတွေကို တွေ့ရပါတယ်။ ဥပမာ- အမေရိကန်မှာ အစောဆုံးကူးစက်ခံမှုဟာ အောက်တိုဘာလက ဖြစ်နိုင်ကြောင်း၊ ပြင်သစ်မှာ ဒီဇင်ဘာလက ရောဂါကူးစက်ခံနေရပြီ ဖြစ်နိုင်ကြောင်း သတင်းတွေပါ။ WHO ပြောရေးဆိုခွင့်ရှိသူ Christian Lindmeierက  ရောဂါကူးစက်မှုဟာ ထိုအချိန်များထက်ပင် စောနိုင်ကြောင်းဆိုထားပြီး နိုင်ငံအသီးသီးအနေနဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမည်မသိ အဆုတ်ရောင်ရောဂါဖြစ်ပွားမှုတွေကို စစ်ဆေးလေ့လာဖို့  တိုက်တွန်းထားပါတယ်။ မေ ၅ ရက် WHO ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ WHO ကျန်းမာရေး အရေးပေါ်စီမံကိန်းနည်းပညာပိုင်းဆိုင်ရာ တာဝန်ခံ Maria Van Kerkhove ကလည်း လက်ရှိ ဗိုင်းရပ်စ်မျိုးရိုးဗီဇအစီအစဉ် ၁၅,၀၀၀ ခု ထဲမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ လူလုပ်တာမဟုတ်ကြောင်း ဖော်ပြထားတယ်လို့ ပြောကြားခဲ့တယ်။ ပြီးခဲ့တဲ့ရက်များကလည်း ဝူဟန့် အမျိုးသား ဇီဝလုံခြုံမှု ဓာတ်ခွဲခန်း(NBL)ညွှန်ကြားရေးမှူး ယွမ်ကျစ်မင်ကလည်း ရိုက်တာသတင်းဌာနရဲ့ သီးသန့်မေးမြန်းချက်ကို အသေးစိတ်ပြန်လည်ဖြေကြားပြီးဖြစ်ပါတယ်။ မစ္စတာမိုက်ပွမ်ပီယိုက သက်သေရှိတယ်ဟု ထပ်ခါတလဲလဲ ပြောကြားနေပေမဲ့လည်း သက်သေမပြနိုင်ပါဘူး။ မရှိတဲ့အရာကို သူက ဘယ်လိုလို့ သက်သေပြနိုင်ပါ့မလဲ။ ”ဟု ဟွာချွန်းရင်က ပြောကြားခဲ့သည်။ 

ထို့မတိုင်မီ အမေရိကန်နိုင်ငံ Politico သတင်းဝဘ်ဆိုက်တွင် ရီပတ်ဗလစ်ကန်ပါတီ အထက်လွှတ်တော် ကော်မတီက ပါတီအတွင်း ရွေးကောက်ပွဲမဲဆွယ်ဌာနများကို စာမျက်နှာ ၅၇ မျက်နှာပါ လမ်းညွှန်စာအုပ်ဖြန့်ဝေ၍ ကပ်ရောဂါအကြပ်အတည်းကို အာရုံလွှဲဖြေရှင်းဖို့ တရုတ်နိုင်ငံကို အပုတ်ချတိုက်ခိုက်ရန် တိုက်တွန်းလုပ်ဆောင်နေသည့် ဇာတ်ညွှန်းကြီး ပေါ်လာခဲ့ကြောင်း ၊ ၎င်း လမ်းညွှန်ဇာတ်ညွှန်းတွင် တရုတ်နိုင်ငံ၏ဖုံးကွယ်မှုကြောင့် ကပ်ရောဂါ ဖြစ်ပွားခြင်းစသည့် ပုတ်ခတ်တိုက်ခိုက်မည့် အဓိက လမ်းကြောင်း ၃ သွယ် ပါဝင်ရာ အဓိကရည်ရွယ်ချက်မှာ ကပ်ရောဂါအခြေအနေအကြောင်းဆိုလျှင် တရုတ်နိုင်ငံကို တိုက်ခိုက်ရန်ပင်ဖြစ်ကြောင်း  ဟွာချွန်းရင်က ဆိုသည်။

“အမေရိကန်ပြည်တွင်းမှာ ဒီအာရုံလွှဲအပုတ်ချလမ်းညွှန်ဇာတ်ညွှန်းက ဇာတ်သိမ်းအထိပင်ပေါ်လွင် နေပြီဖြစ်တာကြောင့် ဆက်လက် သရုပ်ပြသွားရင်လည်း အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ ကိုယ့်ဇာတ်ညွှန်းဇာတ်လမ်းထဲမှာ နစ်မျောမနေကြဖို့ ဖျောင်းဖျလိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။

“တရုတ်နိုင်ငံဟာ အရင်ကတည်းက ကမ္ဘာကို ဗိုင်းရပ်စ်ကူးစက်စေခဲ့တဲ့ ကိစ္စမျိုး ဖြစ်ပွားစေခဲ့ကြောင်း၊ ဓါတ်ခွဲခန်း စနစ်တကျ ဆောင်ရွက်မှုမရှိကြောင်း ၊ တစ်ကမ္ဘာလုံးဟာ တရုတ်နိုင်ငံ ဓါတ်ခွဲခန်းလစ်ဟင်းမှုကြောင့် ဗိုင်းရပ်စ်အန္တရာယ်ကို ရင်ဆိုင်နေရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း မစ္စတာ မိုက်ပွမ်ပီယိုက မီဒီယာတွေကို ပြောခဲ့တယ်ဆိုတဲ့ သတင်းအချို့ကိုလည်း ကျွန်မတွေ့ရပါတယ်။ဒါဆိုရင် ကျွန်မအနေနဲ့ မစ္စတာ မိုက်ပွမ်ပီယိုကို ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ဓာတ်ခွဲခန်းက ဘာအကြောင်းအရင်းကြောင့် လစ်ဟင်းမှုဖြစ်တယ် ဆိုတာကို တိတိကျကျ ပြောပြစေလိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက သိထားကြတာက အမေရိကန်ဟာ မြောက်ကိုရီးယားစစ်ပွဲမှာ အဏုဇီဝလက်နက်ကို အသုံးပြုခဲ့တယ်၊ ဗီယက်နမ်စစ်ပွဲမှာ Agent Orange ဓါတုလက်နက်ကို သုံးခဲ့တယ်ဆိုတာပါပဲ။ နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်း ဇီဝလက်နက်တားမြစ်ရေးသဘောတူညီချက် အခြေပြစာချုပ်ဆွေးနွေးမှုကို ပြန်လည်စတင်ဖို့ အမေရိကန်အနေနဲ့  တစ်ဦးတည်း တားဆီးလျက်ရှိပါတယ်။၂၀၁၉ ခုနှစ် ဩဂုတ်မှာ အမေရိကန် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာက ဖို့ဒ်ဒတ်ထရစ်ရှိ အမေရိကန်ကြည်းတပ် ကူးစက်ရောဂါဆေးဘက်ဆိုင်ရာသုတေသနဌာနကို ပိတ်ပစ်ဖို့ ရုတ်တရက်အမိန့်ချမှတ်ခဲ့တယ်။ အမေရိကန်ဟာ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်သွားတဲ့ နိုင်ငံတွေမှာလည်း ဇီဝဓာတ်ခွဲခန်းတွေ တည်ဆောက်ထားတာနဲ့ပတ်သတ်လို့ အဲဒီဓာတ်ခွဲခန်းတွေရဲ့လုပ်ဆောင်ချက်၊ အသုံးပြုပုံ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာအကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး ။ နိုင်ငံတကာအသိုက်အဝန်းက အမေရိကန်ကို စုံစမ်းစစ်ဆေးဖို့ ၊တုံ့ပြန်ပြောကြားဖို့ တိုက်တွန်းထားတာတွေကိုလည်း ဂရုပြုမိပါတယ်။ အမေရိကန်အနေနဲ့ တာဝန်ခံမှုရှိစွာနဲ့ လက်တွေ့ကျကျ ဆောင်ရွက်သွားပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်။ တစ်ဖက်ကလည်း တရုတ်နိုင်ငံကို အာရုံလွှဲ ခေါင်းရှောင် အပြစ်ပုံချခြင်း ထပ်မလုပ်ဖို့နဲ့ လွှဲချရင်လည်း အောင်မြင်မှာ မဟုတ်ဘူး။”ဟု ဟွာချွန်းရင်က တုံ့ပြန်ပြောကြားခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117