Connect with us

MYANMAR

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က မြန်မာ နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် ၁,၁၈၅ သိန်းကျော်ခန့် တန်ဖိုး ရှိ N95 နှာခေါင်းစည်း အခုရေ ၂ သောင်း ထပ်မံလှူဒါန်း

ရန်ကုန် ၊ မေ ၂၂ ရက် (ဆင်ဟွာ)

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က မြန်မာ နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် ငွေကျပ် ၄,၂၈၉ သိန်းကျော်ခန့် တန်ဖိုးရှိ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းပေးခဲ့ပြီးနောက် တွင် မေ ၂၂ ရက် ၌ ငွေကျပ် ၁,၁၈၅ သိန်းကျော်ခန့် တန်ဖိုး ရှိ N95 နှာခေါင်းစည်း အခုရေ ၂ သောင်း အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် တပ်မတော် ဆေးတပ်ဖွဲ့ ထံသို့  ထပ်မံ လှူဒါန်းပေး ခဲ့သည်။

မေလ ၂၂ ရက် နံနက်ပိုင်း အချိန်တွင် ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံ သို့ N95 နှာခေါင်းစည်း အခုရေ ၁ သောင်း အား လွှဲပြောင်းပေးအပ် ခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကျေးဇူးတင် စကား ပြောကြားရာတွင် ယခုကဲ့သို့ လာရောက်လှူဒါန်းပေးသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ၊ လှူဒါန်းရရှိသည့် ပစ္စည်းများအား ပြည်သူလူထု အတွက် ထိထိရောက်ရောက်ရှိအောင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ကပ်ရောဂါဘေး နှင့် ကြုံတွေ့ချိန်တွင် တက်တက်ကြွကြွ လာရောက် ကူညီလှူဒါန်းပေးသည့် အတွက် တိုင်းဒေသကြီး အစိုးရ အနေဖြင့် အမြဲတမ်း အသိအမှတ်ပြု မှတ်တမ်းတင်ထားမည် ဖြစ်ပြီး ယခုကဲ့သို့ ကပ်ရောဂါ အား ညီညီညွတ်ညွတ် တိုက်ဖျက်နေခြင်း က သမိုင်း မှတ်တိုင်တစ်ခု အဖြစ် ကျန်ရစ်ခဲ့မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က တပ်မတော် ဆေးတပ်ဖွဲ့ အား လှူဒါန်းမှု ပစ္စည်းများ လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကျေးဇူးတင် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ ရန်ကုန် ရုံးခွဲ တာဝန်ခံ ကျိန့်ကျိကျန်း က မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ ယူနန် ပြည်နယ် တို့ က တောတောင်ရေမြေချင်း ထိစပ် နေပြီး မြန်မာ နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွား နေသည် ကို သိရှိရသဖြင့် ကုမ္ပဏီ မှ မြန်မာ နိုင်ငံ အား အတတ်နိုင်ဆုံး ကူညီဆောင်ရွက်မှု ပြုလုပ်ပေးခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ပြုလုပ် သည့် ကုမ္ပဏီ တစ်ခု အနေဖြင့် ကပ်ရောဂါ ကြောင့် မြန်မာ နိုင်ငံ လူမှုစီးပွား အပေါ် သက်ရောက်မှုများ ဖြစ်နေချိန် တွင် ကပ်ရောဂါ တိုက်ဖျက် နိုင်ရန် အတွက် ဆွေမျိုးပေါက်ဖော် သံယောဇဉ် ဖြင့် ကူညီထောက်ပံ့မှု ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ပြည်သူလူထု တို့ ကျန်းမာရေး ကောင်းမွန်စေရန် ဆုမွန်ကောင်းတောင်းပေးလိုကြောင်း ဆင်ဟွာ သို့ ပြောကြား ခဲ့သည်။

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ ရန်ကုန် ရုံးခွဲ တာဝန်ခံ ကျိန့်ကျိကျန်း က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံသို့ လှူဒါန်းမှု ပစ္စည်းများ ပေးအပ်သည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ထို့ပြင် ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က မေလ ၂၂ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ကုန်းမြင့်သာ ရှိ တပ်မတော် ဆေးတပ်ဖွဲ့ မဆရ(၆) ရှိ ဗိုလ်ကြီး ဇင်မင်းအောင် ထံ သို့ N95 နှာခေါင်းစည်း အခုရေ ၁ သောင်း အား လွှဲပြောင်းပေးအပ် ခဲ့သည်။

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ ၏ ဧပြီလ ၌ မြန်မာ နိုင်ငံ အား ပထမ အကြိမ် လှူဒါန်းပေး ခဲ့သည့် ထောက်ပံ့ရေး ပစ္စည်းများတွင် အပူချိန်တိုင်း ကိရိယာ ၊ ကာကွယ်ရေးဝတ်စုံ ၊ မျက်စိ ကာကွယ်ရေး မျက်မှန် ၊ ပိုးသတ်ဆေး ၊ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း တို့ပါဝင် ခဲ့ပြီး မြန်မာ နိုင်ငံ ရှိ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ ရခိုင်ပြည်နယ် ၊ မန္တလေးတိုင်း ၊ ရန်ကုန်တိုင်း ၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းရှိ သက်ဆိုင်ရာ ဌာန အသီးသီး သို့ လှူဒါန်းပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ GTIC (Myanmar) Industrial Park Limited မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံသို့ လှူဒါန်းမှု ပစ္စည်းများ လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံသို့ လှူဒါန်းမှု ပစ္စည်းများ လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

မေလ ၂၂ ရက် ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ သို့ လှူဒါန်းမှု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ တွင် တရုတ် နိုင်ငံ GITIC (Myanmar) Industrial Park Limited နှင့် တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation “CFPA” ) တို့ကလည်း လှူဒါန်းမှု ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကာ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ က အခမ်းအနား အား တက်ရောက် ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.