Connect with us

Politics, Law & Military

တရုတ်ဥပဒေပြုကိုယ်စားလှယ်များက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေး ဥပဒေကို အစုအဖွဲ့လိုက် အလေးထားဆွေးနွေးမှု ပြုလုပ်

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေး ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ဇွန် ၂၈ ရက်တွင် ကျင်းပခဲ့စဉ်(ဆင်ဟွာ) 

 ပေကျင်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

ကျင်းပဆဲ တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုရေး အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီ၏ အစည်းအဝေးအတွင်း တရုတ်ဥပဒေပြုကိုယ်စားလှယ်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဥပဒေကြမ်းတစ်ခုပြဌာန်းရေးနှင့်ပတ်သက်၍ ဇွန် ၂၈ ရက်တွင် အစုအဖွဲ့အလိုက်  အလေးအနက်ထားဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။  

အဆိုပါဆွေးနွေးပွဲသို့ NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီကျန်ဆူး(Li Zhanshu) သည်  ဥပဒေပြုကိုယ်စားလှယ်များနှင့်အတူ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။NPC အမြဲတမ်းကော်မတီ အဖွဲ့ဝင်များ ၊ NPC အထူးကော်မတီအဖွဲ့ဝင်အချို့ နှင့် NPC ကိုယ်စားလှယ်များသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)မှ ကိုယ်စားလှယ်များ နှင့်အတူ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

တရုတ်နိုင်ငံ ဟောင်ကောင်တွင် ဇွန် ရက်က ပြုလုပ်သော အမျိုးသားလုံခြုံရေးဥပဒေကို ထောက်ခံကြောင်း ပြသနေမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ

NPC ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဥပဒေကော်မတီ အစည်းအဝေးမှ တင်သွားခဲ့သည့် ဥပဒေမူကြမ်း နှင့် ဆွေးနွေးမှု အစီရင်ခံစာတစ်ခုသည်  ဟောင်ကောင်ဒေသအတွင်းရှိ အလွှာပေါင်းစုံမှ ပြည်သူများ အပါအဝင် နယ်ပယ်အသီးသီး၏ ထင်မြင်ယူဆချက်များကိုထည့်သွင်းထားကြောင်း သိရသည်။ထို့ပြင် NPC ဆုံးဖြတ်ချက်နှင့် ဆက်စပ်သော အကြောင်းအရာများကို အသေးစိတ် လေ့လာသုံးသပ်ခဲ့ကြကြောင်း နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကိုလည်း  တုံ့ပြန်ခဲ့ကြောင်း ဥပဒေပြုကိုယ်စားလှယ်များက ဆိုသည်။

အစည်းအဝေးအတွင်း ဒုတိယအကြိမ် ဖတ်ကြားတင်သွင်းမှုအရ ၎င်းဥပဒေကြမ်းသည် ပိုမိုတိကျသော စီမံခန့်ခွဲမှုများ ၊ ပိုမိုထိရောက်သော ဦးတည်ချက် နှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် ဟောင်ကောင်၏ ပကတိအခြေအနေများနှင့် အထူး ကိုက်ညီမှုရှိကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။

ဥပဒေပြုကိုယ်စားလှယ်များက ဥပဒေကို အတည်ပြုရေး ၊ ဟောင်ကောင်တွင် ဥပဒေပြုပြဌာန်းရေး အလျင်အမြန် ကြိုးစားရန်အတွက် တောင်းဆိုခဲ့ကြပြီး ယင်းဥပဒေသည် ဟောင်ကောင်ဒေသတွင် နေထိုင်သူများ၏ တရားဝင် အခွင့်အရေးများ နှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၊  ဟောင်ကောင်ဒေသ သာယာဝပြောရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အကူအညီပေးနိုင်သည့်အပြင် အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်း နှင့် ပြစ်မှုဆိုင်ရာ လုပ်ရပ်များ ၊ လှုပ်ရှားမှုများ နှင့် ဆက်စပ်အကြောင်းအရာများကို ထိထိရောက်ရောက် ဟန့်တားနိုင်မည်ဖြစ်ကြောင်း  ၊ ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်  ဥပဒေရေးရာ လစ်ဟာမှုများ ၊ ယင်းနှင့်ဆက်စပ်ပြီး အားနည်းချက်ရှိသော စနစ်များ နှင့် အားနည်းနေသော ကွင်းဆက်များကို ယခုဥပဒေက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117