Connect with us

Social

၂၀၂၀ပြည့်နှစ် ဇွန်လတွင် မြို့ပတ်ရထား ခရီးစဉ်ပေါင်း ၅၂ ခုအထိ တိုးမြှင့်ပြေးဆွဲခဲ့

ရန်ကုန်မြို့ ပတ်ရထားစောင့်ဆိုင်းနေသည့် ခရီးသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) 

ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင်  ခရီးစဉ် ၁၂ ခု ပြေးဆွဲခဲ့သော်လည်း COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖြေလျှော့မှုများဆောင်ရွက်ချိန် ဇွန်လ၌ ခရီးစဉ်ပေါင်း ၅၂ ခုအထိ တိုးမြှင့် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။ 

“မြို့ပတ်ရထားစီးတဲ့ ခရီးသည်တွေအနေနဲ့  အရင်က  လူဦးရေ ၇၃,၀၀၀  လောက်နေ့တိုင်းစီးသူရှိတယ်။  အခုအခြေအနေ မှာ တော့ အရင်ထက်လျော့ကျနေပါတယ်။ ဒါပေမယ့်လည်း အခုဆိုရင် ပုံမှန်ခရီးသည်စီးမှုကို တဖြည်းဖြည်း  ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။’’ ဟု ရန်ကုန်တိုင်းဒေသကြီး    မြန်မာ့မီးရထား လက်ထောက်မန်နေဂျာ   ဦးကျော်မျိုးလွင် က ဆင်ဟွာသို့ ဇူလိုင် ၁ ရက် တွင် ပြောသည်။

ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တွင်  ခရီးမိုင်  ၂၉ ဒသမ ၅ မိုင်ရှိပြီး၊ ရထားသံလမ်း အရှည် ၅၉ မိုင် ရှိကြောင်း သိရသည်။ မြို့ပတ်ရထားခရီးစဉ်တစ်လျှောက်တွင်  ဘူတာကြီး အပါအဝင် မြို့ပတ်ဘူတာရုံပေါင်း ၃၈ ရုံရှိပြီး၊ COVID-19 ရောဂါ မဖြစ်ပွားမီက အဆိုပါ မြို့ပတ်လမ်းကြောင်းတွင် ရထားကြီး   ၁၅  ဆိုင်း၊  RBD ၁၀ ဆိုင်းနှင့် စုစုပေါင်းအဆိုင်း ၂၅ ဆိုင်း၊ အခေါက်ရေ ၂၂၁ ခေါက်ကို နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့တွင် မြို့ ပတ် ရထားဘူတာရုံပေါင်း ၃၇ ခုရှိကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117