Connect with us

Politics, Law & Military

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကော်မတီ ဖွဲ့စည်း

ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် “ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ HKSAR အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းမှုကို ကြိုဆိုခြင်း” ဟူသောဆောင်ပုဒ်ကို တင်ဆောင်ထားသည့် သင်္ဘောတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အမျိုးသားလုံခြုံရေးဥပဒေ၏ လိုအပ်ချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကော်မတီတစ်ရပ်ကို ဇူလိုင် ၃ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း HKSAR အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ HKSAR တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းချက်အရ  HKSAR အုပ်ချုပ်ရေးမှူး Carrie Lam က အဆိုပါကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ 

Lam ၏ အဆိုပြုချက်အရ Lau Chi-wai သည် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဒုတိယရဲမင်းကြီးနှင့် ဟောင်ကောင်ရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ 

ထို့ပြင် ယင်းကော်မတီ၌ စီမံအုပ်ချုပ်ရေး အတွင်းရေးမှူးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး၊ တရားရေးဝန်ကြီး၊ လုံခြုံရေးဝန်ကြီး၊ ရဲတပ်ဖွဲ့ မင်းကြီး၊ ဒုတိယရဲမင်းကြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး၊ အကောက်ခွန်နှင့် ယစ်မျိုးခွန်ဆိုင်ရာ မင်းကြီး၊ အုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားရေးမှူး စသည့် အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။ 

အုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားရေးမှူး Chan Kwok-ki သည် HKSAR အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဇူလိုင် ၂ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117