Connect with us

ASEAN

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနှင့် ပြည်ထဲရေးဝန်ကြီး Amit Shahအား ၂၀၁၉ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Amit Shah က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်ရာတွင် positive တွေ့ရှိခဲ့ရသဖြင့် ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ဩဂုတ် ၂ ရက် တွင် အတည်ပြုပြောကြားခဲ့သည်။

 “ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အစောပိုင်း ရောဂါလက္ခဏာပြခဲ့တာကြောင့် ဆေးစစ်ခဲ့ရာမှာ အဖြေက positiveဖြစ်ခဲ့တာပါ။ ကျွန်တော့် ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့ အကြံပြုချက်အရ ဆေးရုံတက်တာပါ။  ”ဟု Amit Shah ပြောကြားခဲ့သည်။ ယခုရက်ပိုင်းများအတွင်း အနီးကပ်ထိတွေ့သူများအနေဖြင့်လည်း သီးခြားနေထိုင်ကြရန်နှင့်ဆေးစစ်ကြရန် ၎င်းက 

 ဩဂုတ် ၂ ရက်မှာပင် Uttar Pradeshပြည်နယ် နည်းပညာပညာရေးဝန်ကြီးဌာန ဝန်ကြီးKamal Rani Varunသည်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် Lucknowမြို့ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။ အသက် ၆၂ နှစ်အရွယ် Kamal Rani သည် အိန္ဒိယနိုင်ငံ အောက်လွှတ်တော်တွင် လွှတ်တော်အမတ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇူလိုင် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် ဆေးရုံတွင် တက်ရောက် ‌ဆေးကုသမှုခံယူခဲ့ရသည်။ 

ထို့အပြင် Madhya Pradeshပြည်နယ် ဝန်ကြီးချုပ်Shivraj Singh Chouhan သည်လည်း ပြီးခဲ့သောအပတ်တွင် COVID-19ကူးစက်ခံရသည်ဟု အတည်ပြုပြီးနောက် လက်ရှိတွင် လိုအပ်သည့်ဆေးကုသမှုများခံယူနေရကြောင်းသိရသည်။ 

အိန္ဒိယနိုင်ငံတွင် ရက်ဆက် နေ့စဉ် အသစ်ထပ်တိုးလူနာ ၅ သောင်းကျော်စီရှိခဲ့သည်။ အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၂ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၅၄,၇၃၅ ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၈၅၃ ဦး ရှိခဲ့ရာ လက်ရှိတွင် စုစုပေါင်း အတည်ပြုလူနာ ၁,၇၅၀,၇၂၃ ဦး၊  သေဆုံးသူ ၃၇,၃၆၄ ဦး အသီးသီး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117