Connect with us

INTERNATIONAL ORGANIZATION

အရွယ်မရောက်သေးသော ကလေးငယ်များအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်ချက် WHOနှင့် UNICEF ထုတ်ပြန်  

ယီမင်နိုင်ငံ ဆန်နာရာမြို့တွင် နှာခေါင်းစည်းတပ်ဆင်နေသော ကလေးငယ်တစ်ဦးအား မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) 

အရွယ်မရောက်သေးသော ကလေးငယ်များ နှာခေါင်းစည်းတပ်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)တို့ က ပူးတွဲ၍ ဩဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့ရာ အရွယ်ရောက်ပြီးသော လူကြီးများနှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်သည့်နေရာတွင် အသက် ၁၂ နှစ်အထက် ကလေးများလည်း နှာခေါင်းစည်းတပ်ဆင်သင့်ကြောင့် အကြံပြုထားသည်။

၁ မီတာအကွာအဝေး Social Distancing မထားနိုင်သော သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု အန္တရာယ်မြင့်မားသည့် နေရာဒေသများတွင် ၁၂ နှစ် အထက် ကလေးများအနေဖြင့် နှာခေါင်းစည်းတပ်ရန် အထူးလိုအပ်ကြောင်း ၊ အသက် ၆နှစ် မှ ၁၁ နှစ် အရွယ်ကလေးငယ်များမှာမူ ဗိုင်းရပ်စ် ပြန့်ပွားသည့်နေရာနှင့် ကျောင်းစသည့် အထူးနေရာများတွင် နှာခေါင်းစည်းတပ်ဆင်သင့်ကြောင်း လမ်းညွှန်အကြံပြုထားသည်။ 

၅ နှစ်အောက် အရွယ် ကလေးငယ်များအနေဖြင့် နှာခေါင်းစည်းကို ကိုယ်တိုင် မှန်ကန်စွာ ကိုင်တွယ် တပ်ဆင်နိုင်ခြင်း မရှိသေးသောကြောင့် နှာခေါင်းစည်းတပ်ဆင်ရန် အကြံမပြုလိုကြောင်း ၊ ၅ နှစ် အောက် ကလေးငယ်များ နှာခေါင်းစည်းတပ်ဆင်မည်ဆိုပါက လူကြီးက စောင့်ကြည့်ပေးသင့်ကြောင်း၊ ကလေးငယ်များ နှာခေါင်းစည်းတပ်သည့်အခါ ခံစားချက်နှင့် စိုးရိမ်ပူပန်မှုကိုလည်း အမြဲတမ်း သတိပြုနေရမည်ဖြစ်ကြောင်း WHOနှင့် UNICEFက ဖော်ပြထားသည်။ 

မည်သည့် အသက်အရွယ် အပိုင်းအခြားမဆို ကလေးငယ်များတွင် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါရှိခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း သို့မဟုတ် နှာခေါင်းစည်းတပ်ဆင်ခြင်းကြောင့် အခြား ကျန်းမာရေးအခြေအနေကို သက်ရောက်မှုရှိနိုင်မည်ဆိုပါက အတင်းအကျပ် နှာခေါင်းစည်းတပ်ဆင်ပေးခြင်းမျိုး မပြုလုပ်သင့် ကြောင်း ဆိုသည်။  

ကလေးငယ်များ အားကစားလုပ်ချိန် သို့မဟုတ် အားကစားပွဲ၌ ပါဝင်ကစားစဉ်တွင် အသက်ရှူရန် အခက်အခဲဖြစ်စေနိုင်သဖြင့် နှာခေါင်းစည်းတပ်ရန် မတောင်းဆိုသင့်ကြောင်း လမ်းညွှန်အကြံပြုချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။ လူလူချင်း ခပ်ခွာခွာနေရန်နှင့် အားကစားတွင် ပါဝင်သည့် ကလေးငယ်၏ အရေအတွက် ကန့်သတ်ရန် အလေးထား လုပ်ဆောင်သင့်ကြောင်းလည်း ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117