Connect with us

Africa & Middle East

တရုတ်နိုင်ငံက ဒုတိယကမ္ဘာစစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း အီဂျစ်တာဝန်ရှိသူ ပြောကြား

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဂျပန်ကျူးကျော်မှုကို ခုခံတော်လှန်ခဲ့သော တရုတ်ပြည်သူများ၏ စစ်အောင်နိုင်ခြင်းနှင့် ကမ္ဘာ့ဖက်ဆစ်စနစ်တိုက်ဖျက်ရေး စစ်ပွဲအောင်နိုင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အီဂျစ် ကွန်မြူနစ်ပါတီ (ECP) အတွင်းရေးမှူးချုပ် Salah Adly ကပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် ၎င်း၏ပြည်သူများသည် ဂျပန်၏ ကျူးကျော်မှုကို နှစ်များစွာခံစားခဲ့ရသည်ဟု မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတွင် Adly က ပြောခဲ့သည်။

တရုတ်ပြည်သူများသည် ကျူးကျော်မှုများကို ကြီးမားသောစွန့်လွှတ်မှုများနှင့် ရဲရဲရင့်ရင့် ခုခံတွန်းလှန်ခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

ဖက်ဆစ်နဲ့နာဇီကျူးကျော်မှုများကြောင့် လွန်စွာထိခိုက်နာကျင်ခဲ့ရသည့်  အခြားသော နိုင်ငံများကဲ့သို့ပင် တရုတ်ပြည်သူများလည်းခံစားခဲ့ရကြောင်း ၎င်းကဆိုသည်။

“တရုတ်ကွန်မြူနစ်ပါတီ (CPC) က ဂျပန်တို့ရဲ့ ကျူးကျော်မှုကို တော်လှန်ရာမှာကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး  ပြည်သူများရဲ့ ခံနိုင်ရည်ရှိမှုကို ပြင်ဆင်ပေးခဲ့တယ်။ ကျူးကျော်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး နိုင်ငံသားတွေကိုလည်း ကျူးကျော်သူများအား မည်သို့မည်ပုံ ခုခံရမည် ရင်ဆိုင်ရမည် ဆိုသည်ကို လေ့ကျင့်ပေးခဲ့တယ်” ဟု Adly က ဆင်ဟွာကို ပြောခဲ့သည်။

ဂျပန်ကျူးကျော်မှုကို ဆန့်ကျင်တိုက်ခိုက်ရာတွင် CPC ၏ အခြေခံကျပြီး အချက်အချာကျသည့် နေရာမှ ပါဝင်ခဲ့မှုကို ECP အကြီးအကဲက အလေးထားပြောခဲ့သည်။

ထိုသို့စွန့်လွှတ်အနစ်နာခံမှုများက ဒုတိယကမ္ဘာစစ်ပြီးနောက် CPC ခိုင်မာစွာပေါ်ထွက်လာစေရန် အကူအညီဖြစ်စေခဲ့ပြီး CPC နှင့်၎င်း၏ခေါင်းဆောင်မှုအပေါ် တရုတ်ပြည်သူများ၏ ယုံကြည်မှု ပိုမိုခိုင်မာလာစေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117