Connect with us

CHINA

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် လူပေါင်း ၁.၀၂၇ သန်း နာမည်စာရင်းပေးသွင်း

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ဓတ်ခွဲစစ်ဆေးမှုအဖြေအား စိစစ်နေသည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် စက်တင်ဘာ ၆ ရက်က နံနက် ၈ နာရီမှ ည ၈ နာရီ အချိန်အတွင်း မြို့နေပြည်သူပေါင်း ၁ သိန်း ၈ သောင်းခန့်ကို ရပ်ရွာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးရေး အစီအစဉ်ဖြင့် ဆေးစစ်ပေးနိုင်ခဲ့ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ပြန်ကြားရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ယင်းရောဂါစစ်ဆေးရေးအစီအစဉ်ကို စက်တင်ဘာ ၁ ရက်မှစ၍ ပြုလုပ်ခဲ့ရာတွင် လူပေါင်း ၁ ဒသမ ၀၂၇ သန်း ခန့် သည် ဆေးစစ်ရန် ရောဂါစစ်ဆေးရေးစင်တာတွင် နာမည်စာရင်းပေးသွင်းထားပြီ ဖြစ်ကြောင်း သိရသည်။ဩဂုတ် ၂၉ ရက်မှစ၍ ဆေးစစ်ပေးရေး အစီအစဉ် အွန်းလိုင်းကြိုတင် ဘိုကင်ယူရန် စတင်ဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာ ၆ ရက် ည ၈ နာရီအထိ လူပေါင်း ၁ဒသမ ၁၃၂ခန့် ဘိုကင် စာရင်း တင်ထားကြကြောင်းနှင့် စုစုပေါင်း ၆၇၅,၀၀၀ ခန့်ကို nucleic acid စစ်ဆေးမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးသည့် ကနဦး positiveရလဒ်များကို အထူးဒေသအစိုးရ ကျန်းမာရေးဌာန ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်းတွင် ထပ်မံ စစ်ဆေး၍ အတည်ပြုလျက်ရှိရာအချို့ကိုကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးစင်တာတွင် အချိန်အလိုက်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

 

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်ပေးနေမှုများအား စက်တင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရပ်ရွာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဆေးစစ်ပေးနိုင်ရေးအစီအစဉ်သည် လူနေရပ်ကွက်များအတွင်း မမြင်ရသည့် ကူးစက်လူနာ အန္တရာယ်ကို အမြန်ဆုံးရှာဖွေကာ စောလျဉ်းစွာ ဆေးကုသမှုပေးနိုင်ရန်နှင့် ရောဂါပိုး တစ်ဆင့်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် ဖြစ်ကြောင်း ဟောင်ကောင် အထူးဒေသ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“မိမိအတွက်၊အများအတွက် ပြည်သူအများ ဆေးစစ်ရန် အစီအစဉ်တွင် တက်တက်ကြွကြွ ပါဝင်ကာ ရောဂါပိုးပြန့်ပွားမှုကွင်းဆက်ကို အမြန်ဆုံးဖြတ်တောက်ပြီး လူမှုစီးပွား ပုံမှန်နေထိုင်လည်ပတ်မှုများ ရရှိရန် အားလုံး စုပေါင်းကြိုးပမ်းဖို့ တိုက်တွန်းပါတယ် ”ဟု ၎င်းက ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117