Videos
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသရှိ Kanas ရှုမျှော်ခင်း၏ ဆောင်းဦးအလှ
ရှင်းကျန်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Altay စီရင်စုရှိ Kanas ရှုမျှော်ခင်းနေရာရှိ သန့်ရှင်းသောရေကန်များ၊ ရေခဲမြစ်များ၊ သစ်တောများနှင့် မြက်ခင်းပြင်များက အမြင်တင့်တယ်စေပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။
Kanas ရေကန်က ယင်းနေရာ၏ ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဖြစ်သည်။ အဆိုပါ ရေကန်သည် ရာသီဥတု၊ အလင်းရောင်နှင့် အပူချိန်ပြောင်းလဲမှုအလိုက် အရောင်ပြောင်းလဲလေ့ရှိသည်။
Kanas ရှုမျှော်ခင်းနေရာ၏ သဘာဝအလှတရားကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)