Connect with us

Politics, Law & Military

ရှီက ကွမ်တုန်းပြည်နယ်စစ်ဆေးရေးခရီးစဉ်အတွင်း လွတ်လပ်သောတီထွင်ဆန်းသစ်မှုအတွက် ပြောကြား

သမ္မတရှီကျင့်ဖိန် အောက်တိုဘာ ၁၂ ရက်က တရုတ်နိုင်ငံကွမ်တုန်းပြည်နယ်သို့ သွားရောက် စစ်ဆေးနေသော ပုံရိပ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ကွမ်ကျိုး ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်သို့ သွားရောက်သည့် စစ်ဆေးရေးခရီးတစ်ခုအတွင်း ကုမ္ပဏီများ၏ လွတ်လပ်သောတီထွင်ဆန်းသစ်မှုအပေါ် မီးမောင်းထိုး ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန် အောက်တိုဘာ ၁၂ ရက်က တရုတ်နိုင်ငံကွမ်တုန်းပြည်နယ်သို့ သွားရောက် စစ်ဆေးနေသော ပုံရိပ်များအားတွေ့ရစဉ်(ဆင်ဟွာ) 

သမ္မတရှီကျင့်ဖိန် အောက်တိုဘာ ၁၂ ရက်က တရုတ်နိုင်ငံကွမ်တုန်းပြည်နယ်သို့ သွားရောက် စစ်ဆေးနေသော ပုံရိပ်များအားတွေ့ရစဉ်(ဆင်ဟွာ) 

လွတ်လပ်သော တီထွင်ဆန်းသစ်မှုသည် ကုမ္ပဏီများ ကြီးထွားတိုးတက်လာရန် အဓိကသော့ချက်ဖြစ်ကြောင်း ၊ စက်မှုလုပ်ငန်းနယ်ပယ်ကိုအဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အမြင့်ဆုံးအရည်အသွေးဖြစ်ကြောင်း လျှပ်စစ်ဆက်စပ်ပစ္စည်းများ နှင့် ဆက်သွယ်ရေးအသုံးအဆောင်ကိရိယာများ ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သော ကွမ်တုန်းပြည်နယ်အတွင်းရှိ (ချောင်ကျိုး) Chaozhou Three-Circle ကုမ္ပဏီအုပ်စုသို့ သွားရောက် လေ့လာစစ်ဆေးစဉ် တရုတ်နိုင်ငံသမ္မတရှီက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117