Connect with us

MYANMAR

COVID-19 ရောဂါ ပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေ ၊ အမိန့်ညွှန်ကြားချက်များကိုတိကျစွာ လိုက်နာရန်နှင့် ပျက်ကွက်ပါက ထိရောက်စွာအရေးယူမည်ဟုဆို

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ယခုအချိန်သည် COVID-19 ရောဂါ ပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေသည်ဖြစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးမြောက်ပြီဖြစ်သော်လည်း လူစုလူဝေးပြုလုပ်ခြင်းများ ရှိနေသေးသည်ကို တွေ့ရှိရကြောင်းလည်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့် စပ်လျဉ်း၍ စုဝေးခြင်းမပြုရန် ထုတ်ပြန်ခဲ့သော အမိန့်များတွင် ဖော်ပြထားသောကိစ္စရပ်များမှအပ ဩဂုတ် ၁၆ ရက်မှ စ၍ လူ ၁၅ ဦးအစား လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦး ထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုအခါ မြန်မာနိုင်ငံ၌ စုစုပေါင်းဓာတ်ခွဲနမူနာ ၈၂၁,၁၆၃ ခုအားစစ်ဆေးပြီးစီးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၃,၂၄၁ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၄၇,၄၁၁ ဦးနှင့် သေဆုံးလူနာပေါင်း ၁,၄၆၁ ဦးရှိလာကြောင်းသိရသည်။ (Xinhua)