Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၂၆၆ ဦးတွေ့ရှိ ၊ သေဆုံးလူနာ ၂၄ ဦးရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ အချို့အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၂၆၆ ဦးတွေ့ရှိခဲ့ပြီးဆေးရုံဆင်းခွင့်ရရှိသူ ၇၅၀ ဦးနှင့် သေဆုံးလူနာ ၂၄ ဦးအသီးသီးရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ညပိုင်းထုတ်ပြန်မှုအရသိရသည်။

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း ၁၇,၀၀၀ ခုအား စစ်ဆေးပြီးစီးခဲ့နောက် ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီးအဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်းပါဝင်ကြောင်းသိရသည်။

ယနေ့ သေဆုံးသူ ၂၄ ဦးအနက် ရောဂါအခံရှိသူ ၁၇ ဦးပါဝင်ကြောင်းသိရသည်။ရန်ကုန် တိုင်းဒေသကြီးအတွင်းအသွားအလာကန့်သတ် ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သည့် စုစုပေါင်း ၁၂၇၂ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ကြောင်းလည်းထည့်သွင်းဖော်ပြထားသည်။

ယခုအခါ မြန်မာနိုင်ငံ၌ စုစုပေါင်းဓာတ်ခွဲနမူနာ ၈၂၁,၁၆၃ ခုအားစစ်ဆေးပြီးစီးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၃,၂၄၁ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၄၇,၄၁၁ ဦးနှင့် သေဆုံးလူနာပေါင်း ၁,၄၆၁ ဦးရှိလာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.