Connect with us

Science & Technology

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး အများအပြားထုတ်လုပ်ရန် ပြင်ဆင်ထားကြောင်း တာဝန်ရှိသူပြော

တရုတ်နိုင်ငံ ပေကျင်းမြို့တော် Sinovac Biotech Ltd. ရှိ COVID-19 inactivated vaccine နမူနာများကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှုသည် “နောက်ဆုံးပြိုင်ပွဲ” သို့ ဝင်ရောက်လာပြီဖြစ်ပြီး COVID-19 ကာကွယ်ဆေး အများအပြားထုတ်လုပ်မှုအတွက် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကာကွယ်ဆေးတစ်ခုကို အကဲဖြတ်ရာတွင် ဘက်စုံကျယ်ပြန်သော ညွှန်ပြမှုများဖြစ်သည့် ဘေးကင်းမှု၊ ဆေးစွမ်းထက်မှု၊ အသုံးပြုခွင့်ရရှိခြင်းနှင့် သင့်တင်မျှတခြင်း စသည်တို့က အရေးကြီးဆုံးဖြစ်ကြောင်း NHC မှ တာဝန်ရှိသူ Zheng Zhongwei က ပြောခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့တွင် adenovirus vector vaccine ထိုးနှံနေသည့် စေတနာ့ဝန်ထမ်းဆရာဝန်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- Photo provided to Xinhua)

တရုတ်နိုင်ငံ COVID-19 ကာကွယ်ဆေးများ ဖော်ထုတ်ရာတွင် နည်းပညာချဉ်းကပ်မှု ငါးမျိုးကို ရွေးချယ်ခဲ့ကြောင်း၊ ကာကွယ်ဆေး ၁၅ မျိုးမှာ လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီး ယင်းအနက် ငါးမျိုးမှာ လက်တွေ့စမ်းသပ်မှု အဆင့်-၃ သို့ ရောက်ရှိနေပြီဖြစ်သည်။

တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၃ ကို သိပ္ပံနည်းကျနှင့် တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥပဒေများ၊ စည်းမျဉ်းများဖြင့် ကြပ်မတ်မှုအရ သုံးသပ်ခြင်းနှင့် ခွင့်ပြုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ကာကွယ်ဆေးများမှာ စိတ်ချရပြီး ဆေးစွမ်းထက်ကာ အချိန်ကာလ၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိစေရန် နည်းပညာစံနှုန်းမားကို နိုင်ငံတကာနှင့်ချီ၍ အသိအမှတ်ပြုထားကြောင်း Zheng က ဆိုသည်။

အဆိုပါ ကာကွယ်ဆေးငါးမျိုးမှာ China National Biotec Group အဖွဲ့ဝင် Sinopharm မှ ထုတ်လုပ်သော inactivated vaccine နှစ်မျိုး၊ Sinovac Biotech မှ ထုတ်လုပ်သော inactivated vaccine တစ်မျိုးနှင့် Academy of Military Sciences နှင့် CanSino Biologics Inc. မှ ဖော်ထုတ်ထားသော adenovirus vector vaccine တစ်မျိုးနှင့် တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီအောက်ရှိ Anhui Zhifei Longcom Biopharmaceutical Co., Ltd. နှင့် Institute of Microbiology မှ ထုတ်လုပ်သော recombinant sub-unit vaccine တစ်မျိုး စသည်တို့ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကူးစက်ရောဂါကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ပြီဖြစ်သဖြင့် လက်တွေ့စမ်းသပ်မှုအဆင့်-၃ ဆောင်ရွက်ရမည့် အခြေအနေမရှိတော့ကြောင်း နှင့် လက်တွေ့စမ်းသပ်မှုများကို ပြည်ပနိုင်ငံများတွင် သွားရောက် ဆောင်ရွက်ရာတွင် အချို့သော အခက်အခဲများ နှင့် စိန်ခေါ်မှုများလည်း ကြုံတွေ့ရကြောင်း Zheng က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေးများကို ဇွန်လတွင် အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားခဲ့ကြောင်း သိရသည်။ (Xinhua)
——————————
(English Version)
China prepares for mass production of COVID-19 vaccines: official

Source: Xinhua| 2020-12-17 00:07:07|Editor: huaxia

BEIJING, Dec. 16 (Xinhua) — China’s COVID-19 vaccine development has entered the “final sprint,” with the country preparing for the mass production of COVID-19 vaccines, according to an official from the National Health Commission (NHC).

The evaluation of a vaccine requires a number of comprehensive indicators, of which safety, effectiveness, accessibility and affordability are the most important, said Zheng Zhongwei, an official from the NHC.

China has adopted five technological approaches in developing COVID-19 vaccines, with 15 vaccines entering clinical trials, of which five are undergoing phase-3 clinical trials.
China is scientifically and rigorously promoting phase-3 clinical trials of COVID-19 vaccines and conducting review and approval in strict accordance with laws, regulations and internationally recognized technical standards to ensure the vaccines are safe, effective and can stand the test of time, according to Zheng.

The five vaccines in phase-3 clinical trials include two inactivated vaccines developed by the China National Biotec Group affiliated to Sinopharm, an inactivated vaccine developed by Sinovac Biotech, an adenovirus vector vaccine developed by the Academy of Military Sciences and CanSino Biologics Inc., and a recombinant sub-unit vaccine jointly developed by Anhui Zhifei Longcom Biopharmaceutical Co., Ltd. and the Institute of Microbiology under the Chinese Academy of Sciences.
As the epidemic has been effectively controlled in China, the country no longer has the conditions to carry out phase-3 clinical trials. These are being carried out overseas, which also brings some difficulties and challenges, according to Zheng.
China granted emergency use of COVID-19 vaccines in June. Enditem

1- A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020.(Xinhua/Zhang Yuwei)
2- A doctor volunteer receives injection of the adenovirus vector vaccine in Wuhan, central China’s Hubei Province, April 12, 2020. (Photo provided to Xinhua)